Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

လူမှုရေးတာဝန်

လူမှုရေးတာဝန်

ကျောင်းသားများနှင့် စေတနာ့ဝန်ထမ်းများဖြင့် Hope in a Bottle အစီအစဉ် စတင်ခဲ့သော  BRAND’S®

BRAND’S® သည် ၎င်း၏ Hope in a Bottle အစီအစဉ်နောက်ဆုံးအဆင့်ကို ထိုင်းနိုင်ငံ၊ Pathumthani ရှိ တည်ဆောက်ထားသော အိမ်တစ်လုံးတွင် ကျင်းပခဲ့သည်။ ဤသည်မှာ ငွေကြေးလိုအပ်သည့် မိသားစုများအတွက် အိမ်ဆောက်ပစ္စည်းများရရှိအောင် ဒေသတစ်ဝန်းအသုံးပြုပြီးသော BRAND’S® ဖန်ပုလင်းများ စုဆောင်းမှု၏ နောက်ဆုံးအဆင့်ဖြစ်သည်။ ယခုစီမံကိန်းကို လက်ခံသူမှာ Habitat for Humanity ဖြစ်သည်။

စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ထိုင်းနှင့် တိုင်ဝမ်စသည့် နိုင်ငံ ငါးနိုင်ငံမှ တက္ကသိုလ် ကျောင်းသားများနှင့် BRAND’S® ၏ ၀န်ထမ်းများက အိမ်များ ပါဝင်ဆောက်လုပ်ကြသည်။

"ကျွန်တော်တို့ရဲ့ စေတနာ့ဝန်ထမ်းတွေက BRAND’S® (၁၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီစီမံကိန်းကို အတူတကွ ပါဝင်ဆောင်ရွက်တဲ့အတွက် ၀မ်းသာပါတယ်။ ဒီလုပ်ဆောင်မှုကနေ ကျွန်တော်တို့ဟာ ကျောင်းသားတွေကို လိုအပ်သူတွေထံ ကူညီတဲ့ အဓိပ္ပာယ်ရှိပြီး ပြည့်ဝတဲ့ အတွေ့အကြုံကို ပေးပါတယ်။ ဒါ့အပြင် သူတို့ကို အိမ်နီးချင်းနိုင်ငံတွေက ဘ၀တူတွေနဲ့ ဆက်သွယ်ခွင့် ရရှိစေပါတယ်" ဟု Cerebos Pacific Limited ၏ ဒေသဆိုင်ရာ မားကတ်တင်း ဒုတိယဥက္ကဋ္ဌ Ms Isabella Tan က ပြောသည်။

အဆိုပါ အသုံးပြုပြီး ဖန်ဘူးများကို Habitat for Humanity အတွက် ပေးရုံသာမက BRAND’S® သည် အိမ်ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို ဒေသတွင်းအတွက် ထည့်ဝင်ရန်လည်း ကတိပြုပါမည်။

ထူးခြားမှုအတွက် အတူတကွ ဆောင်ရွက်ခြင်း

BRAND’S® Hope in a Bottle အစီအစဉ်သည် ၂၀၁၀ ခုနှစ် မေလတွင် စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ထိုင်းနှင့် တိုင်ဝမ်တို့မှ အသုံးပြုပြီး BRAND’S® ဖန်ဘူးများ စုဆောင်းမှုဖြင့် စတင်ခဲ့သည်။

Habitat for Humanity Asia Pacific ၏ အရင်းအမြစ်ဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူး Mr. Jim Yarbrough က "ဒါဟာ အာရှ-ပစိဖိတ်ဒေသမှာ ပထမဆုံးဖြစ်ပြီး ကျွန်တော်တို့ဟာ ကော်ပိုရေးရှင်းတစ်ခုနဲ့ ပူးတွဲပြီး ဒီစိတ်ဝင်စားဖွယ် ပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ အိမ်တွေကို ဆောက်လုပ်တာပါ။ အသုံးပြုပြီး ဖန်ဘူးတွေကို အိမ်ဆောက်လုပ်ရေးပစ္စည်းအဖြစ် သုံးတာဟာ ဆန်းသစ်တဲ့စိတ်ကူးတစ်ခုဖြစ်သလို ကုန်ကျစရိတ် သက်သာပြီး ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းသလို၊ မိသားစုများကို အထူးလိုအပ်တဲ့ အရိပ်အာဝါသနဲ့ လုံခြုံမှုလည်း ပေးပါတယ်။ အလားတူ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသွားသည်။

ဖန်ဘူးများ ပြန်သုံးမှုသည် ဆောက်လုပ်ရေးစရိတ် လျှော့ချသည်သာမက ကာဘွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်သော ဘိလပ်မြေ လိုအပ်ချက် လျှော့ချပေးခြင်းဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုကိုပါ သက်သာစေပါသည်။