Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

အမေးအဖြေကဏ္ဍ

ဘရင်းငှက်သိုက်

  • အသားဓါတ်နှင့်မတည့်သော သူများ ဘရင်းကြက်ပေါင်းရည်ကို သောက်သုံးသင့်ပါသလား။

    သင်ဟာ အသားဓါတ်နှင့် မတည့်ပါက ,မသောက်သုံးမီ ကျန်းမာရေးဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်၍သင့် ပါသည် ။

  • ဘရင်းငှက်သိုက်တွင် တကယ့်ငှက်သိုက်အစစ်ပါဝင်ပါသလား။ ဘယ်ကရသနည်း။

    သဘာဝ ငှက်သိုက်အစစ်ပါဝင်ပြီး အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ မှ ရရှိပါသည်။

  • ဘရင်းငှက်သိုက်ကိုသောက်သုံးခြင်းသည် အက်စ်မာ ရောဂါအတွက် ပိုမိုဆိုးရွားစေပါသလား။

    ကျွန်ုပ်တို့၏ ပစ္စည်းသည် ကျန်းမာရေးအတွက် ဖြည့်စွတ်စာဖြစ်ပြီး သဘာဝပစ္စည်းများဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သည် ။ ရောဂါများကို ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေးအတွက် အထောက်ကူပြုရန်သောက်သုံးရန်ဖြစ်ပြီး ဖျားနာခြင်းကို မကုသနိုင်ပါ။ ပြိုင်ဘက်ကင်းသော ပေါင်းစပ်ဖန်တီးမှုနှင့် အစာအာဟာရ လိုအပ်ချက်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်၍ အက်စ် မာရောဂါအကြောင်းမေးသင့်ပါသည်။

  • ဘရင်းငှက်သိုက်သည် သင့်အသားအရေ နုပျိုစေရန် ဘယ်လို ဆောင်ရွက်ပေးသနည်း။

    တရုတ်ရိုးရာအရ ငှက်သိုက်သည် အေးသော အာနိသင်ရှိပြီး အတွင်းအသားအရေ ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပြီး နုပျိုချောမွေ့သော အသားအရေကို ဖြစ်စေသည်။

  • ဘရင်းငှက်သိုက်ကို ဘယ်လိုထုတ်လုပ်သနည်း

    ပထမအဆင့် အနေဖြင့် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ ရရှိသော ငှက်သိုက်အကြမ်းဖတ်ကို သန့်စင်အောင် ဆေးကြော သည် ။ ထို့နောက် ကျန်းမာရေးနှင့်အညီ အထူးပြုလုပ်ထားသော စက်ကြီးများဖြင့် အရသာရှိသော ငှက်သိုက်ကိုရရှိသည်။

  • သင့်ကျန်းမာရေးအတွက် ဘရင်းငှက်သိုက်က ဘယ်လိုကာကွယ်ပေးသလဲ ။

    အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာခြေစနစ်ကို ကူညီပေးသည်။ု protein နှင့် polysaccharides ကြိုတင်ချေဖျက် ပေးသည်။တရုတ်ရိုးရာဆေးပညာအရ ငှက်သိုက်၏ အအေးအာနိသင်သည် ခန္ဓာကိုယ်အတွင်းခြောက်သွေ့မှုကို ကာကွယ်ပေးပြီး   အသားအရေကို ငယ်ရွယ်နုပျို ချောမွေ့စေပြီး အသားအရေတွန့်ခြင်းမှ ကာကွယ်ပေးသည် ။

  • ငှက်သိုက်(သို့မဟုတ်)ဘရင်းငှက်သိုက်ဆိုတာ ဘာလဲ။

    ဇီဝဇိုးငှက်များသည် လိုဏ်ဂူအတွင်းတွင် သူတို့ ၏ အန်ဖတ်ဖြင့် အသိုက်ပြုလုပ်ရာမှ ငှက်သိုက်ရရှိလာသည်။ ငှက်သိုက်သည် သွေး ကိုသန့် ရှင်းစင်ကြယ်စေပြီး အသက်ရှု လမ်းကြောင်းကို သန့်စင်ပေးသည် ဟု ရှေးအစဉ် အဆက်ယုံကြည်ခဲ့ ကြသောကြောင့် အရှေ့ တိုင်းဒေသများတွင် တွင်ကျယ်စွာစားသုံးခဲ့ ကြသည်။
    ငှက်သိုက်ကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး တုပ်ကွေးဖျားနာမှုကို ကာကွယ်ပေးသည်။
    ဘရင်းငှက်သိုက် ကို ပြိုင်ဘက်ကင်းသော နောက်ဆုံးပေါ်ထုတ်လုပ်မှုပုံစံ အဆင့်မြင့်နည်းပညာဖြင့် ကျန်းမာရေးနှင့် အညီထုတ်လုပ်ထားသည်။
  • ဘရင်းငှက်သိုက်တွင် တွေ့ရှိရသော ကျောက်ကျောကဲ့သို အဖတ်ကို ရှင်းပြပါ။

    Rock sugar သုံးထားသောကြောင့်ဖြစ်ပြီး ငှက်သိုက်ရဲ့ အရသာကို ချိုမြစေသည်။

  • ဘရင်းငှက်သိုက်နှင့် အိမ်တွင်ချက်သော ငှက်သိုက် အရသာ ဘာကြောင့်မတူညီသနည်း ။

    အိမ်တွင်ချက်သော ငှက်သိုက်သည် ချက်ပြုတ်မှုပုံစံ ကွဲပြားမှု ရှိသောကြောင့် အရည်အသွေးမတူညီနိုင်ပါ။ ဘရင်းငှက်သိုက်သည် သတ်မှတ်ထားသော စံထုတ်လုပ်မှု ပုံစံအောက်တွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရည်အသွေးနှင့် အရသာ တူညီမှု ရှိသည်။ ထို့ကြောင့် ဘရင်းငှက်သိုက်နှင့် အိမ်တွင်ချက်သော ငှက်သိုက် ကွာခြားခြင်းဖြစ်သည် ။