Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

အမေးအဖြေကဏ္ဍ

ဘရင်းကြက်ပေါင်း

  • ဘရင်းကြက်ပေါင်းရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းထားသင့်ပါသလား။

    ဘရင်းကြက်ပေါင်းရည်သည် သဘာဝဖြစ်ပြီး တာရှည်အထားခံပစ္စည်းများ ပါဝင်ခြင်းမရှိပါ။ ကျွန်ုပ်တို့ရဲ့ ပြိုင်ဘက်ကင်းသော အလုံပိတ်စနစ် နှင့် အပူပေါင်းခံခြင်း စနစ်တို့ကြောင့် လတ်ဆက်မှုအတွက် အာမခံပါသည်။ ပုလင်းအဖုံးဖွင့်လိုက်ပါက လေနှင့်ထိတွေ့ပြီး အခြား အစားအသောက်များကဲ့သို့ ပိုးမွှားများ ၀င်ရောက်လာနိုင်သည် ။
  • ဘရင်းကြက်ပေါင်းရည်ကို ကလေးတွေ သောက်သုံးနိုင်ပါသလား

    ဘရင်းကြက်ပေါင်းရည်သည် သဘာဝအာဟာရဖြည့်စွတ်အစာဖြစ်သောကြောင့် အသက်(၂)နှစ်နှင့်အထက် သောက်သုံးသင့်ပါသည်။
  • ဘရင်းကြက်ပေါင်းရည်ကို ညမအိပ်ခင် သောက်သုံးနိုင်ပါသလား။

    ဘရင်းကြက်ပေါင်းရည်သည် ဖြည့်စွတ်အာဟာရဖြစ်ပြီး ကဖင်းဓါတ်မပါဝင်ပါ။ ဆေးနှင့်လည်း မတူပါ ။ ဘရင်းသောက်သုံးခြင်းဖြင့် ပုံမှန်အိပ်ချိန်ကို မထိခိုက်စေပါ ။

  • ဘရင်းကြက်ပေါင်းရည်ကို ဘယ်လို သိမ်းထားသင့်ပါသနည်း။

    ဘရင်းကြက်ပေါင်းရည်ကို သာမန်အခန်းအပူချိန် ၊ အေးပြီးခြောက်သွေ့ သော နေရာတို့တွင် ထိန်းသိမ်းသင့်ပါသည်။ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ရသော နေရာ နှင့် အပူအအေးလွန်ကဲသော နေရာနှင့် ဝေးရာတွင် ထားသင့်ပါသည်။

  • ကျွန်တော်သည် ဆေးဝါးပုံမှန်သောက်နေရပါသည်။ ဘရင်းကြက်ပေါင်းရည်ကို ဆက်လက် သောက်သုံးနိုင်ပါသလား။ ဘရင်းနှင့် တခြား ဆေးဝါးများကို တွဲ၍သောက်သုံးနိုင်ပါသလား။

    သင့်ကျန်းမာရေးနှင့် သောက်ရသော ဆေးဝါးများပေါ်မူတည်ပြီး ဆရာဝန်နှင့် တိုင်ပင်သင့်ကြောင်း အကြံပြုလိုပါသည်။

    ဘရင်းကြက်ပေါင်းရည်သည် ဆေးဝါးမဟုတ်ပါ။ သဘာဝဖြည့်စွတ်အစာဖြစ်သောကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ ။ သောက်သုံးသူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ၊ နေ့စဉ် လုပ်ရှားမှု ပေါ်မူတည်၍ အကျိုးအာနိသင်သက်ရောက်မှု ကွဲပြားနိုင်ပါသည် ။

  • ဘရင်းကြက်ပေါင်းရည် ဆိုတာ ဘာလဲ။

    ဘရင်းကြက်ပေါင်းရည်သည် သဘာဝကျန်းမာရေးအတွက် ဖြည့်စွတ်အာဟာရဖြစ်ပြီး အရည်အသွေးကောင်းသော ကြက်များမှ အစာကြေလွယ်သော အရည်ပုံစံထုတ်လုပ်ထားပါသည်။

    သန့်ရှင်းသော ထုတ်လုပ်မှုပုံစံ အဆင့်ဆင့်ဖြင့် အပူချိန်မြင့်စွာ ပေါင်းခံပြီး ပြိုင်ဘက်ကင်းသော အရသာ နှင့် လတ်ဆက်မှုဖြစ်စေရန် အလုံပိတ်စနစ်ကို အသုံးပြုထားသည် ။ အလွယ်တကူ သောက်သုံးနိုင်ပြီး အဆီနှင့်ကိုလက်စရောကင်းသည်။ တာရှည်ခံပစ္စည်းများ ပါဝင်ခြင်းမရှိပါ။ 

  • ဘရင်းကြက်ပေါင်းရည်ကို ဘယ်လိုသောက်သုံးသင့်သလဲ ။

    ဘရင်းကြက်ပေါင်းရည်ပုလင်းအတိုင်း တိုက်ရိုက်သောက်သုံးသင့်ပါသည်။ အပူပေး၍သော် လည်းကောင်း အအေးခံ၍သော်လည်းကောင်း သောက်သုံးသင့်ပါသည်။

  • ရိုးရာ နှစ်ဆင့်ပေါင်းခံခြင်းနှင့် ဘရင်းကြက်ပေါင်းရည် ဘယ်လိုခြားနားမှုရှိလဲ။

    ရိုးရာနှစ်ဆင့်ပေါင်းခံနည်းတွင် ကြက်သားထည့်ရန် အိုးအသေးတစ်လုံးလိုအပ်ပါသည်။ ကြက်သား ထည့်သော အိုးအသေးကိုအလုံပိတ်ရန်လိုပြီး ကြက်သားအိုး(အသေး)သည်လည်း ရေထည့်ထား သော အိုး(အကြီး)ထဲတွင်ရှိနေရပါမည်။ ရေဆူမှတ်အတွင်း တစ်ဆင့်ခံအပူပေးခြင်းဖြင့် ကြက်ပေါင်းရည်ကို ရရှိနိုင်ပါသည် ။ ထိုကဲ့သို့ ပေါင်းခံခြင်းဖြင့် ကြက်ပေါင်းရည်အတွင်း ပါဝင်သောအရည် ပမာဏ၊ မရှိမဖြစ် အာဟာရများ ပါဝင်မှု ၊ သဘာဝအရသာကို သက်ရောက်မှု ရှိစေသည် ။ ထိန်းချုပ်ထားသော အပူချိန်နှင့် ဖိအားသည် အဆီနှင့် ကိုလက်စရော ပါဝင်သော ကြက်ပေါင်းရည်ရရှိစေသည်။ 
  • ဘရင်းကြက်ပေါင်းရည်ကို သောက်သုံးရန် ဘယ်အချိန်အကောင်းဆုံးဖြစ်သလဲ။

    ပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကို ချောမွေ့စွာဆောင်ရွက်နိုင်ပြီး တက်ကြွလန်းဆန်းကာ အားအင်ရရှိစေပါသည်။ အစားမစားခင်(၁၅)မိနစ်အလိုတွင် သောက်သုံး ပါက ပိုသင့်တော်ပါသည် ။

  • ဘရင်းကြက်ပေါင်းရည်က ဘာကြောင့် တာရှည်အထားခံတာလဲ။

    ဘရင်းကြက်ပေါင်းရည်ရဲ့ပုလင်းတိုင်းအား လေအလုံပိတ်ထားပြီးအပူနဲ့ပေါင်းခံထားပါသည်။ ပြင်ပမှုပိုးမွှားများမ၀င်နိုင်သော
    လေအလုံပိတ်စနစ်မပျက်စီးသေးသရွေ့ ဘရင်းကြက်ပေါင်းရည်ဟာ တာရှည်အထားခံသည်။
  • ဘာကြောင့် ဘရင်းကြက်ပေါင်းရည်ကို (၂၄) နာရီအတွင်းသောက်သုံးရသနည်း။

    ဘရင်းကြက်ပေါင်းရည်သည် သဘာဝဖြစ်ပြီး တာရှည်အထားခံပစ္စည်းများ ပါဝင်ခြင်းမရှိပါ။ ကျွန်ုပ်တို့ရဲ့ ပြိုင်ဘက်ကင်းသော အလုံပိတ်စနစ် နှင့် အပူပေါင်းခံခြင်း စနစ်တို့ကြောင့် လတ်ဆက်မှုအတွက် အာမခံပါသည်။ ပုလင်းအဖုံးဖွင့်လိုက်ပါက လေနှင့်ထိတွေ့ပြီး အခြား အစားအသောက်များကဲ့သို့ ပိုးမွှားများ ၀င်ရောက်လာနိုင်သည် ။

    ဘရင်းကြက်ပေါင်းကို ပုလင်းအဖုံးဖွင့်ပြီး ချက်ချင်းသောက်သုံးသင့်ပါသည်။ရေခဲသေတ္တာအတွင်း ထည့်ထားပါက (သာမန်အပူချိန်၅ဒီဂရီ)၂၄နာရီအတွင်း သောက်သုံးသင့်ပါသည်။

  • အချိန်အကြာကြီး သိမ်းဆည်းထားခြင်း (သက်တမ်းမကုန်ဆုံးခင်) ဖြင့် ဘရင်းကြက်ပေါင်းရည်၏ အရည်အသွေး ပျက်စီးစေပါသလား။

    သက်တမ်းမကုန်ဆုံးခင်ကာလအတွင်း ပုလင်းအဖုံးမဖွင့်သမျှ ဘရင်းအရည်အသွေးသည် အလုံပိတ် စနစ်ကြောင့် နဂိုအတိုင်းပြောင်းလဲမှု မရှိပါ ။

    ပုလင်းအဖုံးမဖွင့်ခင် အဖုံးလုံခြုံရေး အပေါ်ရှိ သတ္တုပြားလေးသည် ပွင့်ထွက်လာမည်မဟုတ်ပါ ။

>