Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

အမေးအဖြေကဏ္ဍ

အမေးများသော မေးခွန်းများ

  • ဘရင်းကြက်ပေါင်းရည်ကို ကလေးတွေ သောက်သုံးနိုင်ပါသလား ။

    ဘရင်းကြက်ပေါင်းရည်သည်သဘာဝအာဟာရဖြည့်စွတ်အစာ ဖြစ်သောကြောင့် အသက်(၂)နှစ် နှင့်အထက် သောက်သုံးသင့်ပါသည် ။


  • ဘရင်းကြက်ပေါင်းရည်ကို ညမအိပ်ခင် သောက်သုံးနိုင်ပါသလား။

    ဘရင်းကြက်ပေါင်းရည်သည် ဖြည့်စွတ်အာဟာရဖြစ်ပြီး ကဖင်းဓါတ်မပါဝင်ပါ။ ဆေးနှင့်လည်း မတူပါ ။ ဘရင်းသောက်သုံးခြင်းဖြင့် ပုံမှန်အိပ်ချိန်ကို မထိခိုက်စေပါ ။

  • တစ်ပြိုင်တည်း နှစ်ပုလင်းသောက်သုံးနိုင်ပါသလား ။

    သောက်သုံးနိုင်ပါသည်။ ပုလင်းတစ်လုံးသောက်သုံးခြင်းဖြင့် ခနွာကိုယ်အတွင်းအားအင်များရရှိစေနိုင်ပါသည်။ မနက်မိုးလင်းလျှင် တစ်ပုလင်း နေ့ခင်းတွင် တစ်ပုလင်း သောက်သုံးနိုင်ပါသည်။ ရေရှည်ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ အစာအိမ်ဝေဒနာရှိသူများကို တစ်နေ့လျှင်တစ်ပုလင်းသာ သောက်သုံးရန် အကြံပြုလိုပါသည်။

  • အသားဓါတ်နှင့်မတည့်သော သူများ ဘရင်းကြက်ပေါင်းရည်ကို သောက်သုံးသင့်ပါသလား။

    သင်ဟာ အသားဓါတ်နှင့် မတည့်ပါက ,မသောက်သုံးမီ ကျန်းမာရေးဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်၍သင့် ပါသည် ။

  • ဘရင်း ငှက်သိုက်သည် Stabilizer ကိုအသုံးပြုပါသလား။

    အသုံးပြုပါသည်။

  • ဘရင်းငှက်သိုက်တွင် တကယ့်ငှက်သိုက်အစစ်ပါဝင်ပါသလား။ ဘယ်ကရသနည်း။

    သဘာဝ ငှက်သိုက်အစစ်ပါဝင်ပြီး အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ မှ ရရှိပါသည်။

  • ဘရင်းငှက်သိုက်ကိုသောက်သုံးခြင်းသည် အက်စ်မာ ရောဂါအတွက် ပိုမိုဆိုးရွားစေပါသလား။

    ကျွန်ုပ်တို့၏ ပစ္စည်းသည် ကျန်းမာရေးအတွက် ဖြည့်စွတ်စာဖြစ်ပြီး သဘာဝပစ္စည်းများဖြင့်ထုတ်လုပ်ထားခြင်းဖြစ်သည် ။ ရောဂါများကို ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေးအတွက် အထောက်ကူပြုရန်သောက်သုံးရန်ဖြစ်ပြီး ဖျားနာခြင်းကို မကုသနိုင်ပါ။ ပြိုင်ဘက်ကင်းသော ပေါင်းစပ်ဖန်တီးမှုနှင့် အစာအာဟာရ လိုအပ်ချက်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်၍ အက်စ် မာရောဂါအကြောင်းမေးသင့်ပါသည်။

  • သာမန်ကျန်းမာနေသူတစ်ယောက် သောက်သုံးနိုင်ပါသလား။

    ကျွန်ုပ်တို့၏ ကုန်ပစ္စည်းသည် သဘာဝမှ ရရှိထားပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ ပုံမှန်သောက်သုံးခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်ရာရောက်ပါသည်။ သင်နာမကျန်း မဖြစ်သောလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် သောက်သုံးသင့်ပါသည်။ ရေရှည်သောက်သုံးခြင်းဖြင့် သင့်ကျန်းမာရေး ကောင်းမွန်စေရန်အထောက်အကူပြုစေပါသည်။

  • ကျွန်တော်သည် ဆေးဝါးပုံမှန်သောက်နေရပါသည်။ ဘရင်းကြက်ပေါင်းရည်ကို ဆက်လက် သောက်သုံးနိုင်ပါသလား။ ဘရင်းနှင့် တခြား ဆေးဝါးများကို တွဲ၍သောက်သုံးနိုင်ပါသလား။

    သင့်ကျန်းမာရေးနှင့် သောက်ရသော ဆေးဝါးများပေါ်မူတည်ပြီး ဆရာဝန်နှင့် တိုင်ပင်သင့်ကြောင်း အကြံပြုလိုပါသည်။

    ဘရင်းကြက်ပေါင်းရည်သည် ဆေးဝါးမဟုတ်ပါ။ သဘာဝဖြည့်စွတ်အစာဖြစ်သောကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ ။ သောက်သုံးသူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ၊ နေ့စဉ် လုပ်ရှားမှု ပေါ်မူတည်၍ အကျိုးအာနိသင်သက်ရောက်မှု ကွဲပြားနိုင်ပါသည် ။

  • ဘရင်းငှက်သိုက်နှင့် အိမ်တွင်ချက်သော ငှက်သိုက် အရသာ ဘာကြောင့်မတူညီသနည်း ။

    အိမ်တွင်ချက်သော ငှက်သိုက်သည် ချက်ပြုတ်မှုပုံစံ ကွဲပြားမှု ရှိသောကြောင့် အရည်အသွေးမတူညီနိုင်ပါ။ ဘရင်းငှက်သိုက်သည် သတ်မှတ်ထားသော စံထုတ်လုပ်မှု ပုံစံအောက်တွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရည်အသွေးနှင့် အရသာ တူညီမှု ရှိသည်။ ထို့ကြောင့် ဘရင်းငှက်သိုက်နှင့် အိမ်တွင်ချက်သော ငှက်သိုက် ကွာခြားခြင်းဖြစ်သည် ။