Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

ကျွန်ုပ်တို့၏ထုတ်ကုန်များ

ဘရင်းကြက်ပေါင်းရည်

သင် စိတ်အားထက်သန်တဲ့ အရေးပါသော လုပ်ငန်းဆောင်တာများကို အကောင်းဆုံးလုပ်ဆောင်နေသည်ကို BRAND'S® မှ သိပါသည် ။ မိသားစုအတွက်ပေးရတဲ့ အချိန်တွေ၊ သင့်တစ်နေ့တာဖြစ်ချင်တဲ့အရာတွေကို ရယူဖို့အတွက် အချိန်နှင့် အာရုံစူးစိုက်မှုလိုအပ်လာပြီပေါ့။ ဘရင်းကြက်ပေါင်းရည်က သင့်ဘ၀အကောင်းဆုံး ရည်တည်နိုင်ရန်နှင့်အမြဲတမ်းအရည် အသွေးတောက်ပဖို့အတွက် ကူညီပေးနေပါတယ် ….

ရှေးနှစ်ပေါင်း 175 နှစ်ကျော်ကတည်းက BRAND'S®ကြက်ပေါင်းရည်ကို ယုံကြည်ခဲ့တာဟာ ဘရင်းရဲ့အရည်အသွေးကောင်း မွန်မှုကြောင့်ဖြစ်သည် ။ ယနေ့တိုင် ဘရင်းကြက်ပေါင်းရည်ကို  စာတမ်းပေါင်3း0 ကျော်မှ သိပ္ပံနည်းပညာဆိုင်ရာ ထောက်ခံမှုပေးထားပါသည်။ BRAND'S® ရဲ့ Brain Research စင်တာမှလည်း စဉ်ဆက်မပြတ် သိပ္ပံနည်းကျဦးနှောက်သုတေသနလုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီး အထောက်အပံ့ပေးထားပါသည် ။

 

ဘာကြောင့် ရွေးချယ်သင့်တာလဲ ?

စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးမြင့်ပေးသည်။

  • အမြဲတမ်းနိုးကြားဖျတ်လတ်စေပြီး  အခွင့်အရေးများကို လက်မလွတ်တမ်း ရယူနိုင်စွမ်းရှိသည်။
  • သိပ္ပံနည်းကျ ထောက်ခံမှုပေးထားသည်။

 

အဟာရသတင်းများ

ကြက်ပေါင်းရည်

အမေးအဖြေကဏ္ဍ

ဘရင်းကြက်ပေါင်းရည်က ဘာကြောင့် တာရှည်အထားခံတာလဲ။

ဘရင်းကြက်ပေါင်းရည်ရဲ့ပုလင်းတိုင်းအား လေအလုံပိတ်ထားပြီးအပူနဲ့ပေါင်းခံထားပါသည်။ ပြင်ပမှုပိုးမွှားများမ၀င်နိုင်သော
လေအလုံပိတ်စနစ်မပျက်စီးသေးသရွေ့ ဘရင်းကြက်ပေါင်းရည်ဟာ တာရှည်အထားခံသည်။


ဘရင်းကြက်ပေါင်းရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းထားသင့်ပါသလား။

ဘရင်းကြက်ပေါင်းရည်သည် သဘာဝဖြစ်ပြီး တာရှည်အထားခံပစ္စည်းများ ပါဝင်ခြင်းမရှိပါ။ ကျွန်ုပ်တို့ရဲ့ ပြိုင်ဘက်ကင်းသော အလုံပိတ်စနစ်နှင့်အပူပေါင်းခံခြင်းစနစ်တို့ကြောင့်လတ်ဆက်မှုအတွက်အာမခံပါသည်။ ပုလင်းအဖုံးဖွင့်လိုက်ပါက လေနှင့်ထိတွေ့ပြီး အခြား အစားအသောက်များကဲ့သို့ ပိုးမွှားများ ၀င်ရောက်လာနိုင်သည် ။

ဘရင်းကြက်ပေါင်းကိုပုလင်းအဖုံးဖွင့်ပြီးချက်ချင်းသောက်သုံးသင့်ပါသည်။ရေခဲသေတ္တာအတွင်းထည့်ထားပါက (သာမန်အပူချိန်၅ဒီဂရီ)၂၄နာရီအတွင်း သောက်သုံးသင့်ပါသည်။


ဘရင်းကြက်ပေါင်းရည် ဆိုတာ ဘာလဲ။

ဘရင်းကြက်ပေါင်းရည်သည် သဘာဝကျန်းမာရေးအတွက် ဖြည့်စွတ်အာဟာရဖြစ်ပြီး အရည်အသွေးကောင်းသော ကြက်များမှ အစာကြေလွယ်သော အရည်ပုံစံထုတ်လုပ်ထားပါသည်။

သန့်ရှင်းသော ထုတ်လုပ်မှုပုံစံ အဆင့်ဆင့်ဖြင့် အပူချိန်မြင့်စွာ ပေါင်းခံပြီး ပြိုင်ဘက်ကင်းသော အရသာ နှင့် လတ်ဆက်မှုဖြစ်စေရန် အလုံပိတ်စနစ်ကို အသုံးပြုထားသည် ။ အလွယ်တကူ သောက်သုံးနိုင်ပြီး အဆီနှင့်ကိုလက်စရောကင်းသည်။ တာရှည်ခံပစ္စည်းများ ပါဝင်ခြင်းမရှိပါ။ 



ရိုးရာ နှစ်ဆင့်ပေါင်းခံခြင်းနှင့် ဘရင်းကြက်ပေါင်းရည် ဘယ်လိုခြားနားမှုရှိလဲ။

ရိုးရာနှစ်ဆင့်ပေါင်းခံနည်းတွင် ကြက်သားထည့်ရန် အိုးအသေးတစ်လုံးလိုအပ်ပါသည်။ ကြက်သား ထည့်သော အိုးအသေးကိုအလုံပိတ်ရန်လိုပြီး ကြက်သားအိုး(အသေး)သည်လည်း ရေထည့်ထား သော အိုး(အကြီး)ထဲတွင်ရှိနေရပါမည်။ ရေဆူမှတ်အတွင်း တစ်ဆင့်ခံအပူပေးခြင်းဖြင့် ကြက်ပေါင်းရည်ကို ရရှိနိုင်ပါသည် ။ ထိုကဲ့သို့ ပေါင်းခံခြင်းဖြင့် ကြက်ပေါင်းရည်အတွင်း ပါဝင်သောအရည် ပမာဏ၊ မရှိမဖြစ် အာဟာရများ ပါဝင်မှု ၊ သဘာဝအရသာကို သက်ရောက်မှု ရှိစေသည် ။ ထိန်းချုပ်ထားသော အပူချိန်နှင့် ဖိအားသည် အဆီနှင့် ကိုလက်စရော ပါဝင်သော ကြက်ပေါင်းရည်ရရှိစေသည်။ 

ဘရင်းကြက်ပေါင်းရည် ထုတ်လုပ်မှုတွင် ကြက်သားအရသာကို သတ်မှတ်ထားသော အပူချိန်နှင့် ဖိအားအောက်တွင် ပြိုင်ဘက်ကင်းသော ခေတ်မှီစနစ်များ အသုံးပြုထားပြီး ရယူသည် ။ သင်သည် ကြက်ပေါင်းရည် ရရန် အချိန်အကြာကြီး ပေါင်းခံနေရန်မလိုဘဲ အရန်သင့်သောက်သုံးနိုင်ပါသည် ။

ရိုးရာကြက်ပေါင်းရည်နှင့် မတူသည်မှာ အဆီနှင့် ကိုလက်စရော ကင်းစင်ပြီး ကျန်းမာစွာ သုံးဆောင်နိုင်ပါသည်။ ကြက်ပေါင်းရည် တစ်ပုလင်းတွင် ကယ်လိုရီ(၄၀)သာပါပြီး ပန်းသီးအသေး တစ်လုံးတွင်ပါသော ကယ်လိုရီပမာဏနှင့် အတူတူပင်ဖြစ်သည်။


ဘရင်းကြက်ပေါင်းရည်ကို ဘယ်လိုသောက်သုံးသင့်သလဲ။

ဘရင်းကြက်ပေါင်းရည်ပုလင်းအတိုင်း တိုက်ရိုက်သောက်သုံးသင့်ပါသည်။ အပူပေး၍သော် လည်းကောင်း အအေးခံ၍သော်လည်းကောင်း သောက်သုံးသင့်ပါသည်။


ဘရင်းကြက်ပေါင်းရည်ကို သောက်သုံးရန် ဘယ်အချိန်အကောင်းဆုံးဖြစ်သလဲ ? ပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကို ချောမွေ့စွာဆောင်ရွက်နိုင်ပြီး တက်ကြွလန်းဆန်းကာ အားအင်ရရှိစေပါသည်။ အစားမစားခင်(၁၅)မိနစ်အလိုတွင် သောက်သုံး ပါက ပိုသင့်တော်ပါသည်

ဘရင်းကြက်ပေါင်းရည်ကို ညမအိပ်ခင် သောက်သုံးနိုင်ပါသလား။

ဘရင်းကြက်ပေါင်းရည်သည် ဖြည့်စွတ်အာဟာရဖြစ်ပြီး ကဖင်းဓါတ်မပါဝင်ပါ။ ဆေးနှင့်လည်း မတူပါ ။ ဘရင်းသောက်သုံးခြင်းဖြင့် ပုံမှန်အိပ်ချိန်ကို မထိခိုက်စေပါ။

သောက်သုံးရန်အညွှန်း

နေ့စဉ်တစ်ပုလင်းသောက်သုံးသင့်ပါသည်။

ဘရင်းကြက်ပေါင်းရည်ကို သင့်တော်သော အခန်းအပူချိန်တွင် အအေးခံ၍သော်လည်းကောင်း ၊ အပူပေး၍သော်လည်းကောင်း ပုလင်းဖြင့် တိုက်ရိုက်သောက်သုံးနိုင်ပါသည်။ ပုလင်းအဖုံးဖွင့်ပြီးလျှင် ရေခဲသေတ္တာထဲတွင် ထည့်၍ (၂၄)နာရီအတွင်း သောက်သုံးသင့်ပါသည်။

လုံခြုံစိတ်ချမှု နှင့် နည်းပညာ

BRAND'S®၏ပုလင်းတိုင်းကို စားသုံးသူထံမပို့ မီ အရည်အသွေး စစ်ဆေးမှုပေါင်း (၃၄၇) ကြိမ် ပြုလုပ်ပါသည်။

 BRAND'S®၏ သုံးဆင့်ကာ လုံခြုံရေးအဖုံးသည် ပြင်ပမှပိုးမွှားများမ၀င်စေရန် ကာကွယ်ပေးထားပြီး သဘာဝထွက်ကုန်များအတွက် အထူးသုတေသနပြုတီထွင်ထုတ်လုပ်ထားသောကြောင့် ကြာရှည်သန့် ရှင်းလတ်ဆတ်နေစေပါသည်။

ပါဝင်သော ပစ္စည်းများ:

ကျွန်ုပ်တို့ ထောက်ခံချက်: