Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

သီးသန့်တည်ရှိမှုပေါ်လစီ

သီးသန့်တည်ရှိမှုပေါ်လစီ

ဤ”သီးသန့်တည်ရှိမူပေါ်လစီ”သည် သင်က “ဆိုက်” သို့ ၀င်ရောက်လာသည့် ကာလအတွင်းရရှိသည့် (သို့မဟုတ်) စုဆောင်းသည့် သတင်းအချက်အလက် အမျိုးအစားင့်  မိမိတို့က သတင်းအချက်အလက်ကို အသုံးပြုမည့်ကိစ္စရပ်ကို ရှင်းလင်းဖော်ပြပေးပါသည်။

Cerebos Pacific Limited နှင့် ယင်း၏ဆက်စပ်သော(သို့မဟုတ်) တွဲဖက်ကုမ္ပဏီများ(“Cerebos”) သည် “ဆိုက်”သို့ လာရောက်လည်ပတ်ကြသူများ အားလုံး၏ “သီးသန့်တည်ရှိမူ” ကို လေးစားပါသည် ။ Cerebos သည် သတင်းအချက်အလက်ကို သင်က မိမိ၏ဆန္ဒသဘောအလျောက်တင်ပြခြင်းဖြစ်ပြီး ၊ သင်၏ ပြည့်ပြည့်၀၀သိရှိမူနှင့် (သို့မဟုတ်) သဘောတူခွင့်ပြုချက်ဖြင့်ရရှိခြင်း မဟုတ်ပါက ၊ သင့်အကြောင်းကို သင်ကိုယ်တိုင် ရွေးထုတ်ဖော်ပြသည့် သတင်းအချက်အလက်ကို စုဆောင်းရယူမည်မဟုတ်ပါ ။

Cerebosသည်Cerebos ၏ မှတ်ပုံတင်ခြင်း အဖွဲ့ဝင်ဖြစ်မှု၊ ယှဉ်ပြိုင်မှု၊ အစီအစဉ်ပုံစံတွင် သင့်ထံမှ အမည်၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ ၊ ကျား/မ၊ e-mail လိပ်စာ ၊ တယ်လီဖုန်းနံပါတ်နှင့် အသက် (“ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်”) သို့သော် ယင်းအချက်အလက်များကိုသာလျင် ကန့်သတ်ထားသည်မဟုတ်ဘဲ)ထိုကဲ့သို့သော သီးသန့်သတင်း အချက်အလက်ကို တောင်းခံနိုင်သည် ။

စုဆောင်းရရှိသည့် သတင်းအချက်အလက်များအားလုံးကို  ဤ”သီးသန့်တည်ရှိမူပေါ်လစီ”နှင့်အညီ အဆင့်ဆင့် စိစစ်မည်ဖြစ်ပြီး Cerebos သို့သင်၏ သတင်းအချက်အလက်ကို ပေးပို့ခြင်းဖြင့် သင်သည် ”သီးသန့်တည်ရှိမူပေါ်လစီ”၏ စည်းကမ်းချက်များကို သဘောတူညီသည်။

Cerebosသည် သင်၏ “ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်”ကို အောက်ပါ ကိစ္စရပ်များအတွက် အသုံးပြုပြီး ၊ အဆင့်ဆင့် စိစစ်ပါမည်။

(၁)  တစ်စုံတစ်ရာသော ကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက်အတွက် သင်၏ မေတ္တာရပ်ခံချက်ကို ဖြည့်ဆည်းပေးရန်။

(၂)  တစ်စုံတစ်ရာသော ထုတ်ကုန်များနှင့် သို့မဟုတ် ၀န်ဆောင်မူများအတွက် သင်၏ မေတ္တာရပ်ခံချက်ကို ဖြည့်ဆည်းပေးရန်။

(၃) သင်က Cerebos ထံမှ ရရှိသည့် ထုတ်ကုန်များနှင့် ၀န်ဆောင်မူများကို ၀ယ်သူအကြိုက် စီစဉ်ပေးရန်၊

(၄)  Cerebos ”ဆိုက်”အား ၀င်ရောက်ရန်ပိုမိုလွယ်ကူစေရန်ပြုလုပ်ပြီးဖြစ်သည့်အတွက် ချောမွေ့လွယ်ကူစေရန် ၊

(၅)  ”ဆိုက်”၏ဒီဇိုင်းနှင့် လုပ်ငန်းတာဝန်ထမ်းဆောင်မူက ပိုမိုကောင်းမွန်စေရန် ၊

(၆)  သင်၏ ကျန်းမာရေး နှင့် အထွေထွေလိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးမည့် ထုတ်ကုန်များကို သင့်အား ထောက်ခံချက်ပေး၍ တင်ပြပေးရန်

(၇)  ဈေးကွက်တင်ရောင်းချခြင်း နှင့် သုတေသနကိစ္စရပ်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန်နှင့် ယင်းသို့ဖြင့် Cerebosသည် Cerebos၏ ထုတ်ကုန်များနှင့် Cerebos၏ ၀က်ဘ်ဆိုက်နှင့် ထုတ်ကုန်များကို အသုံးပြုရာတွင် သင်၏ အတွေ့အကြုံကို တိုးတက်ကောင်းမွန်စေနိုင် သည်။

(၈)  “ဆိုက်”နှင့် စားသုံးမူအချက်အလက်ကိုခွဲခြမ်းစိတ်ဖြာလေ့လာရန် ၊ ယင်းသို့ဖြင့် ယေဘုယျ ပုံသဏ္ဍန်များနှင့် လမ်းကြောင်းများကို လေ့လာရန် Cerebos အနေဖြင့် သင်၏လိုအပ်ချက်များနှင့် သို့မဟုတ်ပူပင်သောကများကို ပို၍နားလည်လာနိုင်သည်။

(၉)  သင့်ထံသို့ ထုတ်ဝေသည့်စာအုပ်စာစောင်များ၊ ပစ္စည်းများ၊ စာပေးစာယူ၊ အီးမေးပို့လွှတ်ချက်များ၊ နောက်ဆုံး အခြေအနေများ (သို့မဟုတ်) အကြောင်းကြားစာများ ၊

(၁၀) သက်ဆိုင်ရာ အထူးကမ်းလှမ်းချက်များ နှင့် ထုတ်ကုန်အသစ်များကို သင့်အားချိတ်ဆက်ပေးခြင်း ၊

(၁၁) သင်ကသဘောတူပြီး ဖြစ်သည့် သို့မဟုတ်အခါအားလျော်စွာ သင်က သဘောတူနိုင်သည့် အခြားကိစ္စရပ်များ ၊

 

         Cerebos သည်သင်၏ “သီးသန့်တည်ရှိမူ” ကို လေးစားပြီး ၊ Cerebos သည် အခြားမူနှင့် အထက်တွင် အသေးစိတ်ဖော်ပြထားသည့်ကိစ္စရပ်များအတွက် အောက်ပါများ အပါအ၀င် တို့နှင့်ပတ်သက်သည်မှ အပ သင်၏ သဘောတူခွင့်ပြုချက်မရှိဘဲ ကူးသန်းရောင်းဝယ်ရေးကိစ္စရပ် သို့မဟုတ် အမြတ်အစွန်းအတွက် “သင်၏”ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်ကို လွှဲပြောင်းခြင်း ၊ ရောင်းချခြင်း ၊ငှားရမ်းခြင်း သို့မဟုတ် အခြားနည်းဆောင်ရွက်ခြင်း ၊ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် ဖွင့်ဟ ပြောဆိုခြင်းပြုမည်မဟုတ်ပါ။

(၁) သင်၏အမှာစာကို ဖြည့်ဆည်းပေးခြင်း

(၂) သင်၏ ကျန်းမာရေး နှင့် အထွေထွေ လိုအပ်ချက်များကို အကောင်းဆုံးပြည့်မှီစေသည့် ထုတ်ကုန်များကို ထောက်ခံ အဆိုပြုခြင်းနှင့် ရွေးချယ်ခြင်း၊

(၃) ဈေးကွက်တင်ရောင်းချခြင်း ကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနှင့် သုတေသန၊ ယင်းသို့ဖြင့် Cerebos သည်ယင်း၏ ၀က်ဘ်ဆိုက်နှင့်ထုတ်ကုန်များကို အသုံးပြုရာတွင် Cerebos ၏ထုတ်ကုန် နှင့် သင်၏အတွေ့အကြုံကို တိုးတက်ကောင်းမွန်စေရန်။

(၄) ကိန်းဂဏန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ ယင်းသို့ဖြင့် Cerebos သည်စားသုံးမူ၏ အထွေထွေပုံသဏ္ဍန်နှင့် လမ်းကြောင်း ဖြစ်ပေါ်မူကိုလေ့လာရန် သင်၏လိုအပ်ချက်များနှင့် သို့မဟုတ် ပူပင်သောကများကို ပိုမို၍နားလည်လာစေရန်

(၅) သင့်ထံသို့ စာအုပ်စာစောင်များ ဈေးကွက်တင်ရောင်းချသည့်ပစ္စည်းများ၊ စာပေးစာယူ၊ အီးမေးလ်ပို့လွှတ်ချက်များ၊   နောက်ဆုံး အခြေအနေများသို့မဟုတ် အကြောင်းကြားစာများနှင့်

(၆) သင့်ထံသို့ ၀န်ဆောင်မူများ၏  အခြားပုံစံများကို ဖြည့်ဆည်းပေးခြင်း ၊အခါအားလျော်စွာ Cerebos သည် သင့်ထံမှ Cerebos ကလိုအပ်သည့် နောက်တိုးပုဂ္ဂိုလ်ရေးကို ဖော်ပြသည့် သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးရန် လိုအပ်မည်ဖြစ်ရာ၊ ယင်းတို့ကို စွမ်းရည်ပြိုင်ပွဲများ သို့မဟုတ် ယှဉ်ပြိုင်မူများအတွက် အသုံးပြုမည်ဖြစ်သည် ။ယင်းကိစ္စများတွင်Cerebos သည် သက်ဆိုင်ရာ စွမ်းရည်

ပြိုင်ပွဲ (သို့မဟုတ်) ယှဉ်ပြိုင်မူအတွက် ဤ”သီးသန့်တည်ရှိမူပေါ်လစီ”ကို လိုက်လျောညီထွေပြောင်းလဲနိုင်သည်။ ယင်းသို့သော စွမ်းရည်ပြိုင်ပွဲများ၊ ယှဉ်ပြိုင်မူများတွင် သင့်အနေဖြင့် ယင်းနောက်တိုးပုဂ္ဂိုလ်ရေးကို ဖော်ပြသည့် သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးရန်နှင့် သက်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ (သို့မဟုတ်) ယှဉ်ပြိုင်မူတွင် အသုံးပြုရမည့် ပြောင်းလဲထားသည့် “သီးသန့်တည်ရှိမူပေါ်လစီ”၏ ပြဌာန်းချက်နှင့်အညီ ယင်းသတင်းအချက်အလက်ကို အသုံးပြုမည်ဖြစ်သည်။

 

Cerebos သည်အခါအားလျှော်စွာသင့်အားဆက်သွယ်ပြီး၊ နောက်ဆုံး အရောင်းမြှင့်တင်ရေး ကမ်းလှမ်းချက်များ၊ ယှဉ်ပြိုင်မှုများ၊ ထုတ်ကုန်များစတင်ဖြန့်ဖြူးခြင်း၊ အကြွေးဝယ်ကဒ် စနစ်တကျ အသုံးပြုခြင်း၊ ထုတ်ကုန်များပေးအပ်ခြင်း၊ အမှာစာများအားဆောင်ရွက်ဖြည့်ဆည်းပေးခြင်း၊ သို့မဟုတ် အချက်အလက်များ စိစစ်ခြင်း စသည့် ကျွန်ုပ်တို့အတွက် သေချာသောလုပ်ငန်းများ ဆောင်ရွက်ရန် အခြားသူများ ကိုယ်စားလှယ် များသို့ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းနှင့်/ သို့မဟုတ် သင့်အားဆက်သွယ်ရန် သင်၏ အီးလ်မေလ်းလိပ်စာကို အသုံးပြုနိုင်ပါသည်။ ဤတွင် သင်သည် Cerebos ထံမှ မည်သည့် တောင်းဆိုမှုမျှ မပြုရန် သဘောတူရမည်။ဤနေရာ၌သင်သည် သင်၏ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက် များကို အခြားသူ သို့ထုတ်ဖော်ပြသမှု ၏ နောက်ဆက်တွဲရလဒ်အဖြစ် မည်သည့်လျော်ကြေးကိုမဆို Cerebos ထံမှ ရပိုင်ခွင့် (သို့မဟုတ်) တောင်းခံပိုင်ခွင့်အား စွန့်လွှတ်ရန် သဘောတူရမည်ဖြစ်သည်။ယင်းကိစ္စရပ်များတွင် Cerebos သည် ယင်းသီးသန့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် လိုအပ်သော သတင်းအချက်အလက်များကိုသာလျှင် အသုံးပြုမည် ဖြစ်သည်။ သင်သည် “ဆိုက်”တွင် သင်၏ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များကို ပြောင်းလဲရန်အတွက် အသုံးပြုနိုင်သည် သို့မဟုတ် အကယ်၍ သင်သည် သင်၏ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်ကို တင်ပြထားပြီး ဖြစ်သော်လည်း Cerebos အား အထက်ပါ ကိစ္စရပ်များအတွက် သတင်းအချက်အလက်ကို အသုံးပြုရန် ဆန္ဒမရှိလျှင် သင်သည် Cerebos သို့အောက်ပါ လိပ်စာဖြင့်ရေးသားနိုင်သည် ။

          PAHTAMA GROUP Co., LTD.

          အမှတ် (၇၃-၇၆) ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။

          ဖုန်း    ။ +951565494  / 573285

          ဖက်စ် ။ +95 1564891

Cerebos  သည်    သင့်ထံမှ မေတ္တာရပ်ခံချက်   ရရှိသည်တွင်  ယင်းနှင့်စပ်လျဉ်း၍  (၁၀)ရက်အတွင်း   တိုက်ရိုက်ဈေးကွက်တင်ရောင်းချမှု ပုံစံတစ်စုံတစ်ရာအတွက်  သင်၏  “ပုဂ္ဂိုလ်ရေး သတင်းအချက် အလက် “ ကို အသုံးပြုခြင်းမှ ရပ်စဲလိမ့်မည်။ အကယ်၍ Cerebos သည် အရည်အချင်းပြည့်မီသည် တရားရေး၊ အစိုးရ သို့မဟုတ် စည်းမျဉ်း သတ်မှတ်ရေး အဖွဲ့အစည်းက  ထိုသို့ လုပ်ရန်အတင်းအကြပ်  ဆောင်ရွက်လျှင်ဖြစ်စေ၊   မေတ္တာရပ်ခံလျှင်ဖြစ်စေ၊ သို့မဟုတ် အခြားနည်း စင်္ကာပူနိုင်ငံ၏ ဥပဒေများအရ ခွင့်ပြုသည်ဖြစ်စေ၊ အခြားသက်ဆိုင်ရာ နိုင်ငံများက ခွင့်ပြုသည်ဖြစ်စေ  သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက်ကို ထုတ်ဖေါ်ပြောခွင့်ရှိသည်။ အကယ်၍သင်သည် ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိပါက၊ သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို Cerebos သို့ တင်ပြရန် ကျေးဇူးပြု၍ တာဝန်ရှိသည်ဟု မမှတ်ယူပါနှင့်။

အထက်ပါဆောင်ရွက်ရန် တာဝန်များမှာ Cerebos က ထုတ်ဖေါ်ပြောကြားခြင်း မှတစ်ဆင့်မဟုတ်ဘဲအများပြည်သူသိရှိလာသည့်ပုဂ္ဂိုလ်ရေး အချက်အလက်နှင့် အကျုံးဝင် သက်ဆိုင်ခြင်းမရှိစေရ၊ သို့မဟုတ် အကျုံးဝင်သက်ဆိုင်ခြင်း ရပ်စဲရမည်။ ကလေးသူငယ်များ နှင့် အသက် ၂၁-နှစ် အောက် လူငယ်များသည် ယင်းတို့က ယင်းတို့၏ ကိုယ်ရေးအချက်အလက်ကို "ဆိုက်" သို့လွှင့်တင်ခြင်း မပြုမီ ယင်းတို့၏ မိဘ (သို့မဟုတ်) အုပ်ထိန်းသူ ထံမှ ခွင့်ပြုချက်ရယူသင့်သည်။ ပုဂ္ဂိုလ်ရေးနှင့် မသက်ဆိုင်သည့် သတင်းအချက်အလက်ကို စုဆောင်းခြင်း။

သင်သည် “ ဆိုက် “ သို့ ၀င်ရောက်လာသည့်အခါ၊ Cerebos သည် အချို့သော နည်းပညာ၊ ပုဂ္ဂိုလ်ရေး မဟုတ်သည့် သတ်မှတ်သိရှိနိုင်သော သတင်းအချက်အလက် (ဥပမာ။    ။domain အမည်၊ ၀င်ရောက်ရန် ၀န်ဆောင်မှုပေးသူ၊ လာရောက်သည့် အချိန်ကာလ၊ ကြည့်ရှုသည့် စာမျက်နှာ အရေအတွက်) ကို "ဆိုက်" အား သင်နှင့် အခြားဝင်ရောက်ကြည့်ရှုသူများ မည်သို့ အသုံးပြုသည်ကို သိရှိနားလည်ရန် စုဆောင်ရယူပါသည်၊ ယင်းသို့ဖြင့် မိမိတို့မှ သင့်အားပို၍ ကောင်းမွန်စွာ ၀န်ဆောင်မှုပေးနိုင်ရန်ဖြစ်သည်။ Web browsers အများစုသည် cookies များကို အလိုအလျောက်လက်ခံကြပါသည်။ သို့သော် သင်သည် ယင်းအချက်ကို ကာကွယ်ရန်အတွက် သင်၏ browser ကို ထုံးစံအတိုင်း ပြောင်းလဲနိုင်သည်။

ဤပေါ်လစီကို  Cerebos ၏  တစ်ဦးတည်းသော  ဆင်ခြင်တုံတရားဖြင့်  အခါအားလျော်စွာ ပြုပြင်ပြောင်းလည်းနိုင်သည်။

မူပိုင်ခွင့် ၂၀၀၉- ခုနှစ်၊ ၂၀၁၃ Cerebos.

 

>