Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

ဘရင်း၏ သုတေသနစင်တာ

သုတေသန နှင့် နည်းပညာ

ဘရင်း၏ သုတေသနစင်တာ

ဘရင်း သုတေသနှင့် ဖွံဖြိုးတိုးတက်မှု

ဘရင်းဦးနှောက်သုတေသနစင်တာသည် ဘရင်း (၂၀၁၀) ခုနှစ်တွင် (၁၇၅) ကြိမ်မြောက်နှစ်ပတ်လည်နေ့ကို တရားဝင်ကြေငြာခဲ့သည်။ ကျွန်ုပ်တို့၏ သုတေသနနှင့် တိုးတက်ရေးအတွက် အဓိကရည်ရွယ်ပြီး  ဘရင်းဦးနှောက်သုတေသနစင်တာသည် ဦးနှောက် နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို သုသေသနပြုလုပ်လျက်ရှိကာ ဘရင်းထုတ်ကုန်များ၏ အရည်အသွေးကို သိပ္ပံနည်းကျ စမ်းသပ်မှုများကို ပိုမိုခိုင်မာစေသည်။

State of the Art နည်းပညာကို အသုံးပြုသော သုတေသနစင်တာ

ဦးနှောက်ကို အပြင်မှစစ်ဆေးခြင်း နည်းပညာနှင့် ဦးနှောက်အာရုံခံနည်းပညာတို့ကို အသုံးပြုပြီး ဇီဝဓါတု ၊ ဆယ်လူလာနှင့် ဆေးသုတေသနတို့ကို လုပ်ဆောင်လျက်ရှိသည် ။

သိပ္ပံနည်းပညာဆိုင်ရာ အောင်မြင်မှုမှတ်တိုင်

သိပ္ပံဆိုင်ရာ နှင့် ဆေးသုတေသနများ စဉ်ဆက်မပြတ်ပြုလုပ်ပြီး ရင်းနှီးမြုပ်နှံခြင်းဖြင့် ဘရင်းရဲ့ ထုတ်ကုန်များ အရည်အသွေးမြင့်မားခြင်းကို ဘရင်းကြက်ပေါင်းရည်မှ သက်သေခံလျက်ရှိသည်။ ဘရင်းထွက်ကုန်များသည် စားသုံးသူများအပေါ် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယုံကြည်စိတ်ချရသော သုတေသန

ဘရင်းကြက်ပေါင်းရည်သည် အနှစ်(၂၀)ကျော် သိပ္ပံနည်းကျစမ်းသပ်မှု၊ ဓါတ်ခွဲမှုများ ပြုလုပ်ပြီး သိပ္ပံနည်းပညာ ဆိုင်ရာ ထောက်ခံမှုရရှိထားသော ကုန်ပစ္စည်းဖြစ်သည်။ ဘရင်းကြက်ပေါင်းရည်ကို ယူကေ၊ ဂျပန်၊ တရုတ်၊ထိုင်ဝမ် ၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံရှိ သိပ္ပံပညာရှင်များမှ  စာတမ်းပေါင်း (၃၂) စောင်ပြုစု ထုတ်ပြန်ခဲ့သည်

ကျွန်ုပ်တို့၏ ခံယူချက်

တခြား စားသောက်ကုန်ပစ္စည်း ကုမ္ပဏီများနှင့် မတူဘဲ ဘရင်းဦးနှောက်သုတေသန စမ်းသပ်မှုစင်တာသည် ကုန်ပစ္စည်းများ၏ အရည်အသွေးကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိသည်။ စူးစမ်းရှာဖွေသောစက်များကို ပိုမိုအားထုတ်ပြီး ကုန်ပစ္စည်းများ ဘယ်လို ဆောင်ရွက်ပုံနှင့် ဘာကြောင့် ဆောင်ရွက်ရသည်များကို လေ့လာလျက်ရှိပါသည်။