Brand's

Skip To Content

Site Section

ဝယ်ရန်

ဝေငှ ရန်:

ဝက်ဘ်ဆိုက်စကားရပ်များကို သုံးစွဲခြင်း

ဝက်ဘ်ဆိုက်စကားရပ်များကို သုံးစွဲခြင်း

ဤအထဲရှိ (သဘောတူစာချုပ်)တွင် အဓိပ္ပါယ်သတ်မှတ်ထားသည့် “အသုံးပြုစကားရပ်များ သဘောတူညီချက်ကို”  ကိုကျေးဇူးပြု၍ ဂရုတစိုက်ဖတ်ရူစေလိုပါသည်။ ဤ“သဘောတူစာချုပ်”တစ်လျှောက်လုံး “cerebos”ကို ရည်ညွန်းချက်သည် ရှေ့နောက်စကားအဆက်အစပ်အရ သင့်တော်သလို Cerebos Pacific Limited (သို့ မဟုတ်) ယင်းနှင့် ဆက်စပ်သော (သို့ မဟုတ်) အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ကုမ္ပဏီများကို ရည်ညွှန်းသည်။

ဤ ၀က်ဘ်ဆိုက်(ဆိုက်)ကို အသုံးပြုခြင်းဖြင့် သင်သည် သတ်မှတ်ချက် (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ မထားရှိဘဲ ဤ “သဘောတူစာချုပ်" ဖြင့် စည်းနှောင်မူရှိရန်နှင့် လက်ခံရန်သဘောတူညီသည်။ Cerebos သည် ဤ”သဘောတူစာချုပ်”ကို အခါအားလျော်စွာ အကြောင်းကြားစာမပေးပို့ဘဲ ပြောင်းလဲနိုင်သည်။ ထို့အပြင် ယင်းသို့ပြောင်းလဲမူများ ပြုလုပ်ပီးနောက် “ဆိုက်”ကို သင်၏သုံးစွဲမူသည် ပြောင်းလဲထားသည့်အတိုင်း ဤ “သဘောတူစာချုပ်”ကို သင်၏ လက်ခံခြင်းနှင့် စည်းနှောင်မူရှိစေရန် သဘောတူကြောင်း ဖြစ်မြောက်စေသည်။ အကယ်၍ စကားရပ်များ တစ်စုံတစ်ရာကို သဘောမတူပါက ကျေးဇူးပြု၍ ထွက်ခွာသွားစေလိုပြီး၊ “ဆိုက်”ကို သုံးစွဲခြင်းမှ ရှောင်ရှားစေလိုပါသည်။

Cerebos သည် သင့်အား သင်၏ ပုဂွှွှိုလ်ရေးကိစ္စရပ်များအတွက် အချက်အလက်များကို သင်ကကြည့်ရူစစ်ဆေးစဉ်အတွင်း ဤ"ဆိုက်"တွင် ယင်းအချက်အလက်များကို ကြည့်ရူရန်နှင့် ဖိုင်ကိုကွန်ပျူတာ တစ်ခုမှတစ်ခုသို့ လွှဲပြောင်းပေးသည်ကိုသာလျှင် ခွင့်ပြုပါသည်။

စာကိုယ်၊ ပုံဆွဲ၊ အမည်၊ လိုဂိုတံဆိပ်နှင့် ကုန်အမှတ်တံဆိပ်များ(ပါဝင်သည့်အကြောင်းအရာ) အပါအ၀င်၊ သို့သော် ယင်းတို့ကိုသာလျှင် ကန့်သတ်ထားသည်မဟုတ်ဘဲ၊ ”ပါဝင်သည့်အကြောင်းအရာ” များကို Cerebos ကပိုင်ဆိုပြီး၊ နည်းလမ်းတကျလိုင်စင်ပြုလုပ်ထားသည်။ “ပါဝင်သည့်အကြောင်းအရာ” ကို Cerebos မှ အတိအလင်းခွင့်ပြုထားသည်မှအပ မည်သည့်ပုံစံဖြင့်နှင့် မည်သည့်ကိရိယာဖြင့် ဖြစ်ဖြစ်ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ပို့လွှတ်ခြင်း၊ တစ်ဆင့်ထုတ်ယူခြင်း၊ မိတ္တူကူးခြင်း၊ မှတ်တမ်းတင်ကူးယူခြင်းနှင့်၊ အလင်းတန်းဖြင့်ရိုတ်မှတ်ခြင်းတို့ကို “ဆိုက်”တွင် နို့တစ်စာဖြင့် ပုံနှိပ်ထားသည် (သို့မဟုတ်) Cerebos ကစာဖြင့် ရေးသား၍ အခြားနည်းဖော်ပြသည်မှအပ တင်းကြပ်စွာတားမြစ်သည်။ အထက်တွင် ဖော်ပြထားသည်ကို ကန့်သတ်ထားသည်မဟုတ်ဘဲ၊ ဤအထဲတွင် ပါဝင်သည့် မည်သည့်အချက်ကမျှ  ကုန်အမှတ်တံဆိပ်ပိုင်ရှင်က စာဖြင့် အတိအလင်းခွင့်ပြုချက်မရှိဘဲ “ဆိုက်”တွင် ပြသထားသည့် ကုန်အမှတ်တံဆိပ်ကို အသုံးပြုရန် လိုင်စင်ချပေးသည် (သို့ မဟုတ်) အခွင့်အရေး ရှိသည်ဟု မှတ်ယူခြင်းမပြုရ။

သင့်အနေဖြင့် “ဆိုက်”မှ တစ်ဆင့်ရရှိသည့် ဆော့ဖ်ဝဲလ် (သို့မဟုတ်) အခြားသောအချက်များ (သို့မဟုတ်) လုပ်ငန်းစဉ်များကို ပြုစုရေးသားထားသည်ကို ဖျက်ခြင်း၊ အင်ဂျင်နီယာပြောင်းပြန်ပြုလုပ်ခြင်း (သို့မဟုတ်) တစ်စစီဖြတ်ခြင်း မပြုရန်နှင့် အခြားအသုံးပြုသူများ၏ အတွေ့အကြုံကို တစ်နည်းနည်းထိခိုက်စေရန် “ဆိုက်”ရှိ ပါဝင်သည့် အကြောင်းအရာတွင် သင်္ကေတ (သို့မဟုတ်) အချက်အလက်များကို ထည့်သွင်းခြင်းမပြုရန် သို့မဟုတ် ချယ်လှယ်ရန် မပြုလုပ်ရ ၊ ထို့ပြင် အချက်အလက်များကို မရမနေရှာဖွေခြင်း၊ အချက်အလက်များကို စုဆောင်းခြင်း (သို့မဟုတ်) ထုတ်ယူသုံးစွဲခြင်းတွင် ပါဝင်ပတ်သတ်ခြင်း မပြုရ။ ဤ အချက်အလက်များအား အခြားဝက်ဘ်ဆိုက် တစ်စုံတစ်ရာတွင် အသုံးပြုခြင်း (ဖော်ပြထားသည်ကိုသာ ကန့်သတ်ထားသည် မဟုတ်ဘဲ  Cerebos ၏စာဖြင့် ရေးသားပြီး အတိအလင်း ခွင့်ပြုချက်မရှိဘဲ ဤ “ဆိုက်” တွင် ပြသခြင်း (သို့မဟုတ်) အခြားဝက်ဘ်ဆိုက်တွင် ဘောင်အတွင်းတွင်  အချက်အလက်ကို ပြသထားခြင်း (သို့မဟုတ်) ဤ “ဆိုက်”မှ ဆွဲချရယူထားသည်ကို ပြသခြင်းကို တားမြစ်သည်။

အခြားနည်းသီးခြား ဖော်ပြထားသည်မှအပ “ဆိုက်” ကို အသုံးပြုသည့်အခါတွင် သင်ကဖြည့်ဆည်းပေးသည့် ကိုယ်ရေးအချက်အလက်များ အားလုံးကို “သီးသန့်တည်ရှိမူပေါ်လစီ”နှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။ သင်သည် “ဆိုက်”ကို အသုံးပြုရာတွင် သင်ဖြည့်ဆည်းပေးသည့် သတင်းအချက်အလက်အတွက် တစ်ဦးချင်း တာဝန်ရှိမည်ဖြစ်ပြီး၊ သင့်အနေဖြင့် တိကျမှန်ကန်ပြီး၊နောက်ဆုံးအခြေအနေထိ သတင်းအချက်အလက်ကို ဖြည့်ဆည်းပေးရန် သဘောတူညီထားသည်။

Cerebos သည် ပုဂ္ဂိုလ်ရေးမဟုတ်သည့် ပတ်သက်ရာပတ်သက်ကြောင်း ဖြစ်သော သတင်းအချက်အလက်ကို အလိုအလျှောက်စုဆောင်းရန် “လမ်းကြောင်းရှာသည့်နည်းပညာ” (ဥပမာ ။  ။ ကုတ်ကီ ) ကို အသုံးပြုသည်။ ယင်း “လမ်းကြောင်း ရှာသည့် နည်းပညာ"ပေါ်တွင်  Cerebos၏ပေါ်လစီမှာ အထက်တွင် ရည်ညွန်းထားသည့် “ သီးသန့်တည်ရှိမူပေါ်လစီ”တွင် သတ်မှတ်ဖော်ပြထားပါသည်။

“ဆိုက်”သည်အခြားသူများက လုပ်ကိုင်ဆောင်ရွက်သည့် ပြင်ပ ၀က်ဘ်ဆိုက်များသို့ ချိတ်ဆက်ရန် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ဆက်သွယ်ရန် ချိတ်ဆက်များ ပါဝင်နိုင်ပါသည် (အခြားသူဆိုက်များ) ။ တစ်စုံတစ်ရာသော “အခြားသူဆိုက်များ” သည်လည်း “ဆိုက်”နှင့် ချိတ်ဆက်နိုင်ပါသည်။  Cerebos သည် “အခြားသူဆိုက်များ”၏ ပါဝင်သည့် အကြောင်းအရာအတွက် “အခြားသူဆိုက်များ” သို့ဆက်သွယ်မှုသည် မိမိ၏ကိုယ်ပိုင် စွန့်စားမူဖြစ်ပြီး အခြားသူဆိုက်များတွင်ပါဝင်သော အကြောင်းအရာများအတွက် မြန်မာနိုင်ငံ၏ဥပဒေများအရ ၄င်း၏ တာဝန်ရှိမှုများကို လေးစားလိုက်နာစေရန် အကောင်းဆုံးစွန့်စား ခက်ခဲစွာ ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ရှေ့တွင်ဖြစ်ခဲ့ပြီးသော ကိစ္စများအတွက် ညှိနှိုင်းရန် Cerebos ကသင့်အားကြံ့ကြာမှုမရှိဘဲ အသိပေးရန် စွန့်စားဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ သေချာသော အခြားသူဆိုက်များက ဆိုက်သို့ ချိတ်ဆက်ရန် ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ Cerebos သည် ၄င်းကို ထိန်းချုပ်ခြင်းပြုမည်မဟုတ်ဘဲ အခြားသူဆိုက်များတွင်ပါဝင်သော အရာများအတွက် တာဝန်ရှိမည် (သို့မဟုတ်) တာဝန်ယူမည်မဟုတ်ပါ။ “အခြားသူဆိုက်များတွင်သင်ကအသုံးပြုခြင်းသည် သင်၏ စွန့်စားမှုသာဖြစ်ပြီး၊ Cerebos ထံမှ ယင်း “အခြားသူဆိုက်များတွင် ရိုက်နှိပ်ထုတ်ဝေ” ထားသည့် သတင်းအချက်အလက် တစ်စုံတစ်ရာပေါ်တွင် သင်ကအသုံးပြုခြင်းသို့မဟုတ် မှီခိုခြင်းမှ ပေါ်ပေါက်လာသည့် ကိစ္စရပ်အတွက် တရားစွဲဆိုတောင်းခံခွင့်အား စွန့်လွှတ်ရမည် ဖြစ်ပါသည်။  ယင်းဆိုက်များတွင် သင်က ဖြည့်ဆည်းပေးထားသည့် ပုဂ္ဂိုလ်ရေးအချက်အလက် သို့မဟုတ် သတင်းအချက်အလက်သည် သင်၏ ကိုယ်ပိုင် စွန့်စားမူဖြစ်ပြီး ၊ ယင်းအတွက်ပေါ်ပေါက်လာနိုင်သော သင့်၏ တရားစွဲဆိုတောင်းခံပိုင်ခွင့်များကို နေရာစွန့်လွှတ်ရမည်ဖြစ်ပြီး၊  Cerebos ထံမှ မည်သည့်တာဝန်ရှိမှု သို့မဟုတ် ဥပဒေအရတာဝန်များကို တောင်းခံရန် သင်၏ အခွင့်အရေးများကိုလည်း စွန့်လွှတ်ရမည်ဖြစ်ပါသည်။

“ဆိုက်”ကို သင်က အသုံးပြုမူသည် သင်၏ကိုယ်ပိုင် အန္တရာယ်ရှိမူ ဖြစ်သည်။ Cerebos အနေဖြင့် “ဆိုက်” တွင်ရှိသော သတင်းအချက်အလက်သည် ယုံကြည်စိတ်ချရသည်ထိ သေချာစေရန် လျော်ကန်သော ကြိုးပမ်းဆောင်ရွက်မူများ အားလုံးကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်သည်။ “ဆိုက်”ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ဤတွင် ပါရှိသည့် သတင်းအချက်အလက် အကြောင်းခြင်းရာနှင့် ၀န်ဆောင်မူများအားလုံးကို “အရှိကို ရှိသည့်အတိုင်း” အခြေခံဖြင့် သတ်မှတ်ဖော်ပြထားသည် ။ Cerebos အနေဖြင့် “ဆိုက်” တွင်ပါရှိသည့် သတင်းအချက် တစ်စုံတစ်ရာ  သို့မဟုတ် “ဆိုက်” ကပေးသည့် အကြောင်းခြင်းရာ သို့မဟုတ်  ၀န်ဆောင်မူများ၏ တိကျ မှန်ကန်မူ ၊ ပြည့်စုံမူ ၊ ယုံကြည်စိတ်ချရမူ ၊ လုပ်ငန်းသုံး နိုင်ရည်ရှိမူ သို့မဟုတ် တရားဝင်မူ နှင့် စပ်လျဉ်း၍ ၊ ယင်းထဲတွင် ဖော်ပြထားသည်ကိုသာ ကန့်သတ်ထားသည်မဟုတ်ဘဲ ( သက်ဆိုင်သည့် ဥပဒေများ၏ ခွင့်ပြုသည့်အတိုင်းအတာထိ ) ကုန်စည်  အဖြစ်ရောင်းချခြင်း ၊ တစ်စုံတစ်ရာသော အကြောင်းကိစ္စ အတွက် သင့်တော်ခြင်းနှင့် အခြားသူ၏အခွင့်အရေးများကို မချိုးဖောက်ခြင်းဆိုင်ရာ အာမခံချက်များသည်လည်း ပါဝင်သည်။ ရှေ့လာမည့်အပေးအယူညှိနှိုင်းကိစ္စများ သို့မဟုတ် ညှိနှိုင်းသည့်ကိစ္စများဖြစ်ပေါ်လာနိုင်သည့်အခြေအနေတွင် Cerebos သည် ကြံ့ကြာခြင်းမရှိဘဲ သင့်အားအသိပေးရန် အကောင်းဆုံးစွန့်စားဆောင်ရွက်သွားမည်ဖြစ်ပါသည်။Cerebos အနေဖြင့် “ဆိုက်”သည် ပြတ်တောက်မူမရှိခြင်းအတွက် ၊ အာမခံချက် တစ်စုံတစ်ရာ မပေးနိုင်ချေ။

“ဆိုက်”တွင် Cerebos ၏ သတင်းအချက်အလက်နှင့် BRAND’S® ကုန်အမှတ် တံဆိပ်ဖြင့် ထုတ်လုပ်သည့် သို့မဟုတ် ရောင်းချသည့် ကုန်ပစ္စည်းများပါဝင်သည် ။ Cerebos သည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆေးပညာဆိုင်ရာ အကြံပေးမူ သို့မဟုတ် ထောက်ခံတင်ပြမူအဖြစ် မလုပ်ချေ၊ ထို့ပြင် ဆိုက်တွင်ရှိသည့် မည်သည့်အချက်ကမျှ ဆေးပညာဆိုင်ရာအကြံပေးမူသို့မဟုတ် ထောက်ခံတင်ပြမူအဖြစ် မရည်ရွယ်ချေ ။ သင့်အနေဖြင့် လက်ခံပေးရမည်မှာ သင်၏ ကျန်းမာရေးဆိုင်ရာ မေးမြန်းချက်အပေါ် Cerebosက သင့်အားပေးသည် အကြံပြုချက်တစ်စုံတစ်ရာသည် အာဟာရဓါတ်ပြည့်ဝမူရူဒေါင့်မှဖြစ်ပြီး ၊ ဆေးပညာရူဒေါင့်မှ ပေးခြင်းမဟုတ်ပေ ၊ ထို့ပြင် သင့်အား Cerebus ကမေးမြန်းရန် ဖိတ်ခေါ်ချက်မှာ ၊ Cerebos အနေဖြင့် သင့်အား ဆေးပညာဆိုင်ရာ ရောဂါစူးစမ်းရှာဖွေခြင်း သို့မဟုတ် ကုသခြင်း ပြုရန် ကမ်းလှမ်းခြင်း မဟုတ်ပေ ။ သင်က ဆက်လက်၍ လက်ခံရမည်မှာ အဟာရဓါတ်ဆိုင်ရာ အကြံပေးမူသည် ယေဘုယျ သဘောဖြစ်ပြီး ၊  ပုဂ္ဂိုလ် တစ်ဦးချင်း အပေါ်အခြေခံခြင်းမဟုတ် ဆိုသည့် အချက်ပင် ဖြစ်သည် ။      

အကယ်၍ သင်သည် ဆေးပညာဆိုင်ရာ အကြံဥာဏ် သို့မဟုတ် ထောက်ခံတင်ပြမူ သို့မဟုတ် “ဆိုက်” မှ တစ်ဆင့် ဆွေးနွေးသည် ၊ ထို့ပြင် သို့မဟုတ် ကမ်းလှမ်းသည့် ပစ္စည်း သည် သင့်အတွက် သင့်တော်မူ ရှိမရှိ မသေချာပါက ၊ သင်၏ ဆရာဝန် သို့မဟုတ် အခြားအရည်အချင်း ပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မူ ကျွမ်းကျင်သူပညာရှင် နှင့် ကျေးဇူးပြု၍ ဆွေးနွေးပါ ။

သက်ဆိုင်သည့် ဥပဒေက ခွင့်ပြုသည့် အတိုင်းအတာထိ Cerebos သည် သင့်အားပေးရန် တာဝန် တစ်စုံတစ်ရာ ယူမည်မဟုတ်ချေ ။ ထို့ပြင် သင့်အနေဖြင့် Cerebos အား “ဆိုက်”ကို သင်က အသုံးပြုခြင်း သို့မဟုတ် မှီခိုခြင်း၏  အကျိုးဆက် အဖြစ် သို့မဟုတ်  ဆက်စပ်၍ ပေါ်ပေါက်လာသော (သို့မဟုတ် ပေါ်ပေါက်လာသည်ဟု စွပ်စွဲခံရသော ) တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အထူး နောက်ဆက်တွဲ သို့မဟုတ် မှတ်လောက်သော ဆုံးရှုံးမူများ အတွက် ပဋိဥာဏ် စာချုပ် ၊ တရားမနစ်နာမူ ၊အခြားနည်း ပေါ့လျော့မူများ အတွက် ဆောင်ရွက်ပေးရန် တာဝန်မရှိစေရ ။ ရှေ့တွင် ဖော်ပြထားသည့်  တာဝန်ရှိမူနှင့် ဆုံးရှုံးမှုအတွက် ပေးရန်တာဝန်ရှိမူကို ကန့်သတ်ချက်သည် ပေါ့လျော့မှုကြောင့် ဖြစ်ပေါ်သည့် ပုဂ္ဂိုလ်ရေး ထိခိုက်မှု သို့မဟုတ် သေဆုံးမှုနှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိစေရ ။

အကယ်၍  Cerebos သည် “ဆိုက်” ကိုဖြစ်စေ “ဆိုက်”၏ အချို့သော အစိတ်အပိုင်းများကို အသုံးပြုရန် “USER NAME “ နှင့် ၊ သို့မဟုတ် “PASSWORD” တစ်ခုကို သင့်အတွက် ခွဲဝေသတ်မှတ်ပေးပါက ယင်း”USER NAME” နှင့် ၊ သို့မဟုတ် “PASSWORD” သည် လျှို့ဝှက်အဆင့်ဖြစ်ပြီး ၊ သင့်အတွက် ပုဂ္ဂိုလ်ရေးနှင့် သက်ဆိုင်သည်။ သင့်အားပေးထားသည့် “USER NAME”  နှင့် “PASSWORDS” တို့သည် Cerebos၏ ပစ္စည်းဖြစ်မည်။  သင့်အနေဖြင့် USER NAME” သို့မဟုတ် “PASSWORD” အား အခြားသူတစ်ဦးသို့ ထုတ်ဖော်ခြင်းမပြုရ ၊ ထို့ပြင် သင်သည် သင်၏ သိရှိမူ သို့မဟုတ် သဘောတူခွင့်ပြုချက် ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အခြားသူတစ်ဦးက သင်၏ USER NAME” သို့မဟုတ် “PASSWORD” ကိုအသုံးပြုခြင်းအတွက် တာဝန်ရှိမူ သီးသန့်ရှိရမည် ။ အကယ်၍ မည်သည့် အကြောင်းကြောင့်မဆို သင့်အနေဖြင့် သင်၏USER NAME”  သို့မဟုတ် “PASSWORD”ကို တစ်နည်းနည်းဖြင့်  သတင်းပေါက်ကြားသွားပါက Cerebos ကို အကြောင်းကြား ရမည် ။ Cerebos သည်သင်၏ စာရင်းကို ရပ်စဲနိုင်သည် ၊ ထို့ပြင် ၊ သို့မဟုတ် “ဆိုက်” သို့ သင်က ဆက်သွယ်မူကို အခြားနည်း ငြင်းပယ်မည် သို့မဟုတ် ကန့်သတ်မည် ၊ Cerebos သည် စာရင်းဆိုင်ရာ ၀န်ဆောင်မူကို အချိန်ကာလကြာမြင့်စွာ ပေးရန် ရည်ရွယ်သော်လည်း ၊ အကယ်၍ ယှဉ်ပြိုင်ရသည့် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်သည် အဖွဲ့ဝင် အဖြစ် ပါဝင်မူဆိုင်ရာ ၀န်ဆောင်မူ သို့မဟုတ် လျော့နှုန်းသည် လက်တွေ့တွင် မဖြစ်နိုင်ပါက ၊ Cerebos သည် အဖွဲ့ဝင်ဝန်ဆောင်မူကို ပြောင်းလဲရန် သို့မဟုတ် ရပ်စဲရန် အခွင့်အရေးလုံးဝရှိသည်။

ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်နှင့် စပ်လျဉ်း၍ “သီးသန့်တည်ရှိမူပေါ်လစီ” အားကျင့်သုံးခြင်းကို အထောက်အထားပြု၍ “ဆိုက်” တွင် သင်လွှင့်တင်သည့် မှတ်ချက်များ ၊ အဆိုပြုချက်များ ၊ အယူအဆများ ၊ မေးခွန်းများ ၊ အချက်အလက်များ ၊ ပုံဆွဲများ ၊ ဓါတ်ပုံများ ၊ သတင်းအချက်အလက် သို့မဟုတ် ကိစ္စရပ်တစ်စုံတစ်ရာ သို့မဟုတ် “ဆိုက်” မှ တစ်ဆင့် Cerebos သို့ပို့လွှတ်သည့် အထက်ဖော်ပြပါ အချက်များ (“ ဖြည့်ဆည်းပေးမူများ ” ) ကို လျှို့ဝှက်အဆင့် သတ်မှတ်ချက်မဟုတ် ၊ ပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းအဖြစ် သတ်မှတ် မည်မဟုတ်ချေ ။”ဖြည့်ဆည်းပေးမူများ” အားလုံးသည် Cerebos ၏ ပစ္စည်းဖြစ်လာပြီး ၊ Cerebos သည် “သင့်အားဖြစ်စေ ၊ အခြားသူတစ်ဦးအား ဖြစ်စေ ”လျော်ကြေး တစ်စုံတစ်ရာပေးရန် မလိုဘဲ ယင်း ဖြည့်ဆည်းပေးသည့် အရာကိုဖြစ်စေ ၊ ယင်းက သင့်တော်သည်ဟု ထင်မြင်သည့်အတိုင်း မည်သည့်ကိစ္စရပ် အတွက်မဆို ယင်း၏ အစိတ်အပိုင်းတစ်စုံတစ်ရာကို အသုံးပြုပိုင်ခွင့်ရှိရမည် ။ ဖြည့်ဆည်းပေးမူများကို လွှင့်တင်ခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းဖြင့် သင့်အနေဖြင့် သင်သည်  “ဖြည့်ဆည်းပေးမူများ”ကို ပိုင်ဆိုင်သူဖြစ်ကြောင်း သို့မဟုတ် ယင်းကို အသုံးပြုရန်နှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့် အခြားနည်းအခွင့်အရေး ရှိကြောင်း ၊ ထို့ပြင် cerebosက “ဖြည့်ဆည်းပေးမူများ” ကို အသုံးပြုခြင်းသည် အခြားသူတစ်ဦး၏ အခွင့်အရေး အပေါ်ချိုးဖောက်မှု မရှိကြောင်းကို အာမခံချက်ပြုရမည် ။ သင့်အနေဖြင့် သင်သည် “ဖြည့်ဆည်းပေးမူများ”ကို ပိုင်ဆိုင်သူဖြစ်ကြောင်း သို့မဟုတ် ယင်းကို အသုံးပြုရန်နှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့်  အခြားနည်းအခွင့်အရေး ရှိကြောင်း ၊ ထို့အပြင် Cerebos က” ဖြည့်ဆည်းပေးမူများ” ကိုအသုံးပြုခြင်းသည် အခြားသူတစ်ဦး၏ အခွင့်အရေးများအပေါ် ချိုးဖောက်မူ မရှိကြောင်းကို အာမခံချက် ပြုရမည် ။ သင်အနေဖြင့် Cerebos သည် ယင်းအနေဖြင့်  “ဖြည့်ဆည်းပေးမူများ” ကိုအသုံးပြုရန် ရွေးချယ်ပါက “ဖြည့်ဆည်းပေးမူများ” ကို အသုံးပြုရန် တာဝန်မရှိစေရ ၊ ထို့အပြင် သင့်အား ကျေးဇူးတင်ရှိရန် သို့မဟုတ် ထုတ်ဖော်ပြောကြားရန် ကိုလည်း တာဝန်မရှိစေရ ။

သင့်အနေဖြင့် တရားမ၀င်သော ခြိမ်းခြောက်သော စာရေးသား၍ အသရေဖျက်သော ၊ မရှုဝံ့မမြင်သာသော ၊ လိင်ကိစ္စ နှင့်ဆိုင်သော သို့မဟုတ် ယုတ်မာညစ်ညမ်းသော ပစ္စည်း သို့မဟုတ် ပြစ်မှုဟု ယူဆရသော သို့မဟုတ် အကျုံးဝင်သက်ဆိုင်သည့်ဥပဒေကို ချိုးဖောက်သော လုပ်ဆောင်ချက်တွင် ပါဝင်နိုင်သည့် သို့မဟူတ အားပေးသည့် ပစ္စည်းတစ်စုံတစ်ရာကို လွှင့်တင်ထားခြင်းမပြုရန် သို့မဟုတ် လွှဲပြောင်း ပေးခြင်း မပြုရန် သဘောတူသည် ။ Cerebos အနေဖြင့်”မနှစ်မြို့ဖွယ် ပစ္စည်းများ” ကိုယင်း၏ ဆင်ခြင်တုံးတရားသက်သက်ဖြင့် ဖယ်ရှားပစ်ရန် အခွင့်အရေးရှိသည် ။ Cerebos သည် သင်၏ ဆိုက် အသုံးပြုမူ့သည် ဤ“သဘောတူစာချုပ်”၏ စည်းကမ်းချက်တစ်စုံတစ်ရာကို ဖောက်ဖျက်သည့် အချိန်တွင် ယင်း၏ ဆင်ခြင်တုံတရားသက်သက်ဖြင့် သင်က “ဆိုက်’ ကို ရောက်ရှိမူကို ကန့်သတ်နိုင်သည် သို့မဟုတ် သင်၏အသုံးပြုသူစာရင်းကို ရပ်စဲနိုင်သည်။

သင်သည် Cerebos အား အကျုံးဝင်သက်ဆိုင်သည့် ဥပဒေ တစ်ရပ်ကို သင်ကချိုးဖောက်မူ၏ အကျိုးဆက်ကြောင့် ပေါ်ပေါက်လာသည့် အမှတ်တကယ် ၊ မျှော်မှန်းမထားဘဲ ဖြစ်ပေါ်လာသော သို့မဟုတ် အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသော ပျက်စီးမှု သို့မဟုတ် ဆုံးရုံးမူ တစ်စုံတစ်ရာအတွက် ပေးလျော်ရန်နှင့် မထိခိုက်စေရန် သဘောတူပါသည်။

အကယ်၍ သင်သည် “ဆိုက်”တွင် တင်ထားသော ပစ္စည်းတစ်စုံတစ်ရာသည် သင်ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် မူပိုင်ခွင့် သို့မဟုတ် အခြားအသိဥာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးတစ်ရပ်ကို ချိုးဖောက်သည်ဟု ယူဆပါက သင်သည် အောက်ပါ လိပ်စာ သို့ အကြောင်းကြားနိုင်သည် ။

 

                             PAHTAMA GROUP Co., LTD.

                             အမှတ် ၇၃-၇၆ ၊ ဝေဇယန္တာလမ်း ၊သင်္ဃန်းကျွန်းမြို့နယ်၊

                             ရန်ကုန်၊ မြန်မာ။

                             ဖုန်း ။ ။+951565494  / 573285

                             ဖက်စ် ။  ။+95 1564891

                             အလုပ်ချိန်နာရီ ။ ။ ၈း၃၀ (မနက်) - ၅း၀၀ (ညနေ)

                            

အကယ်၍ ဤ “သဘောတူညီချက်”၏ အစိတ်အပိုင်းတစ်ရပ်သည် ဥပဒေအရ တစ်နည်းနည်းဖြင့် တရားမ၀င် ဥပဒေအရတားမြစ်ထားသော သို့မဟုတ် ဥပဒေ နှင့်အညီ အတင်းအကြပ် မဆောင်ရွက်နိုင်ပါလျှင် ဤ”သဘောတူညီချက်”၏ ကျန်ရှိသည့် အပိုင်း၏ တရားဝင်မူ ၊ဥပဒေ နှင့်ညီညွတ်မူ သို့မဟုတ် ဥပဒေနှင့်အညီ အတင်းအကြပ် ဆောင်ရွက်နိုင်ပါလျှင် တစ်နည်းနည်းဖြင့် ထိခိုက်မူ မရှိစေရ သို့မဟုတ် နစ်နာခြင်းမရှိစေရ။

မြန်မာနိုင်ငံ၏ အမိန့်အာဏာပါသော ဥပဒေများတွင် အခြားနည်းပြဌာန်း ထားသည်မှအပ ဤ “သဘောတူစာချုပ်”နှင့် ယင်းမှထွက်ပေါ်လာသော သို့မဟုတ် ဆက်စပ်သော သို့မဟုတ် ယင်း၏ အဓိက အကြောင်းအရာ သို့မဟုတ် ဖွဲ့စည်းပုံမှပေါ်ပေါက်လာသော အငြင်းပွားမူ သို့မဟုတ် တောင်းဆိုမှု တစ်စုံတစ်ရာကို စကာင်္ပူနိုင်ငံ၏ဥပဒေနှင့် အညီ လွှမ်းမိုးပြီး ၊ အဓိပ္ပါယ် ကောက်ယူရမည်အပြင် ၊ စာချုပ်ဝင်များသည် စကာင်္ပူတရားရုံး၏ သီးသန့်မဟုတ်သော စီရင်ပိုင်ခွင့်သို့တင်သွင်းရမည် ။