သင် အလုပ်ပင်ပန်းနေပီဆို ဖြစ်ပေါ်လာသော လက္ခဏာများ

သင် အလုပ်ပင်ပန်းနေပီဆို ဖြစ်ပေါ်လာသော လက္ခဏာများ

ကျွန်ုပ်တို့တွေဟာ နေ့စဉ်နှင့်အမျှ မြောက်များစွာသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရပါသည်။ထိုလုပ်ငန်းဆောင်တာများကြောင့် စိတ်ပင်ပန်းမှုတွေ ဖြစ်ပေါ်လာကာ အချိန်ကြာတာနှင့်အမျှ စိတ်ရော်ကိုယ်ပါ ထိခိုက်လာနိုင်ပါသည်။ မိမိရဲ့ ခံနိုင်ရည်စွမ်းအားကို မကျော်လွန်မီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါ လက္ခဏာရပ်များကို သိရှိထားသင့်ပါသည်။.

(၁) သင် အိပ်နေစဉ်တောင်မှ သင်၏စိတ်မှာ အတွေးများ ဖြစ်ပေါ်နေခြင်း

တစ်နေတာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ကာ ပင်ပန်းနွမ်းနယ်ပြီးနောက် သင့်အတွက် ကောင်းမွန်သော အိပ်စက်ခြင်းတစ်ခု လိုအပ်နေပါသည်။ သို့သော် အိပ်ရာပေါ် လှဲလျောင်းလိုက်သောအခါမှာ သင့်ရဲ့စိတ်တွေဟာ ဟိုဟိုဒီဒီ လျှောက်တွေးနေခါ လတ်တလော မပြီးပြတ်သေးသော လုပ်ငန်းဆောင်တာများကို တွေးတောနေမိပါသည်။ ထိုအခြေအနေထက် ပိုဆိုးစေသော အရာမှာ အိပ်ရေးမ၀မှာကို ပူပန်လေလေ အိပ်ပျော်ဖို့က ခက်ခဲလေလေ ဖြစ်နေသည်ကို ခံစားရပါလိမ့်မည်။ ထိုသို့ အခြေအနေများ ဖြစ်ပေါ်နေစဉ်မှာပဲ နာရီနိုးစက် အသံကြားကာ အိပ်ရာထချိန် ရောက်ခဲ့ရပေလိမ့်မည်။

ထိုသို့ကျင်လည်နေရသော သံသရာများထဲမှ ရုန်းထွက်နိုင်ဖို့အတွက် သင် အိပ်ရာမ၀င်ခင်မှာ ကွန်ပျူတာ၊ဖုန်းတွေကို အဝေးမှာထားကာ အနည်းဆုံး နာရီဝက်လောက် စိတ်ကို ပြေလျော့စေသော လုပ်ဆောင်မှုများကို လုပ်ဆောင်ပါ။ ထိုလုပ်ဆောင်မှုတွေဟာ လက်ဖက်ရည်တစ်ခွက်ကို စိမ်ပြေနပြေသောက်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ရေနွေးနွေးဖြင့် ရေချိုးခြင်း ကဲ့သို့ပင် ရိုးရှင်းလှပေသည်။ ထို့အပြင် လုပ်ဆောင်ရမည့် ကိစ္စများကို စာရင်းပြုစုထားခြင်းကလဲ သင့်ရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေရန် ကူညီပေးသောကြောင့် နောက်နေ့အတွက် အဆင်သင့်ဖြစ်ပီ ဆိုသောအသိနှင့် သင်ဟာ ကောင်းမွန်စွာ အိပ်စက် အနားယူနိုင်ပါသည်။

(၂) သင်၏ မှတ်ဥာဏ်စွမ်းအားများ လျော့နည်းလာခြင်း

သင် အလုပ်တွေ ပင်ပန်းလာပီဆိုရင် ဦးနှောက်မှတ်ဥာဏ်က မှတ်နိုင်စွမ်း လျော့နည်းလာပါသည်။ ဥပမာ သင့်သော့ထားခဲ့သော နေရာကို မမှတ်မိတော့တာမျိုး၊ သင် ဒီနေ့ နောက်ဆုံးဘယ်သူနဲ့ စကားပြောခဲ့လဲ မမှတ်မိတော့တာမျိုးတွင် ဖြစ်လာတတ်ပါသည်။ ထိုသို့ ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လာပီဆိုလျင် သင့်ဦးနှောက်က ပင်ပန်းနေပီဆိုတာ ပြသနေခြင်း ဖြစ်သည်။ ဦးနှောက်က ပင်ပန်းလာပီဆိုလျှင် မှတ်ဥာဏ်စွမ်းအားများ လျော့နည်းလာသည်။

သင်၏ မှတ်ဥာဏ်စွမ်းအားများ လွယ်ကူစွာ အချိန်တိုအတွင်း တိုးတက်လာဖို့ဆိုရင် BRAND'S® Essence of Chicken with Vitamin B Complex + Iron tablets. (ဘရင်းကြက်ပေါင်းဆေးပြား)ကို သောက်သုံးသင့်ပါသည်။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ ဘရင်းကြက်ပေါင်းရည်သည် မှတ်ဥာဏ်စွမ်းရည်ကို တိုးမြှင့်စေပြီး Vitamin B Complexသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အားအင်ထုတ်လုပ်ရာတွင် ပါဝင်ကူညီပေးသောကြောင့် တစ်နေတာလုံး ဥာဏ်ရည်ထက်မြက်နေစေပါသည်။

(၃) ကဖင်းဓာတ်ကို ယဉ်ပါးလာခြင်း

နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့တွေဟာ တစ်နေ့တာလုံး လန်းဆန်းနေစေဖို့အတွက် ကော်ဖီ (၂)ခွက်လောက် နေ့စဉ် သောက်သုံးနေကျပါတယ်။ အကယ်လို့ သင်ဟာ တစ်နေ့ကို ကော်ဖီ ၄/၅ ခွက် သောက်သုံးနေတယ်ဆိုလျှင် အခုချက်ချင်းပဲ ရပ်တန့်လိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ပင်ပန်းနေသော သင်၏ခန္ဓာကိုယ်မှာ ကဖင်းကို တုန့်ပြန်နိုင်စွမ်း မရှိတော့လို့ပါ။

သတင်းကောင်းတစ်ခုကတော့ ကော်ဖီကသာလျှင် သင့်အတွက် တစ်ခုတည်းသော ကယ်တင်ရှင် မဟုတ်ပါ။ သင်ကိုယ်သင် ချီးမြှောက်သောအနေဖြင့် တစ်နေ့တာမှာ အနည်းဆုံး (၃)ကြိမ် ခေတ္တခဏ အနားယူလိုက်မယ်ဆိုလျင် သင့်ရဲ့ဦးနှောက်အားအင်များ အချိန်တိုအတွင်း ပြန်လည်ဖြည့်ဖြိုး လန်းဆန်းလာနိုင်ပါသည်။

(၄) လေ့ကျင့်ခန်းပြုလုပ်ပီးနောက် လန်းဆန်းမှုမရှိခြင်း

ပုံမှန်အားဖြင့် Gymကစားခြင်း၊ ခေတ္တခဏပြေးခြင်းများ ပြုလုပ်ပီးသော အချိန်များမှာဆိုရင် သင်ဟာ လန်းဆန်းတက်ကြွမှုများ ဖြစ်ပေါ်နေတယ်လို့ ခံစားမိနေပါသည်။ သို့သော် အချိန်ကြာအောင် ပြုလုပ်လာမယ်ဆိုလျင် သင့်ရဲ့ခန္ဓာကိုယ် ပင်ပန်းလာပါလိမ့်မယ်။ ပင်ပန်းနေသော သင်၏ ခန္ဓာကိုယ်မှာ ထပ်ဆောင်းပင်ပန်းမှုတွေကို အလိုမရှိတော့ပါ။

ထို့ကြောင့် ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအစား ယောဂကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါသည်။ ယောဂကျင့်ခြင်းသည် သင့်ခန္ဓာကိုယ် ပင်ပန်းခြင်း မရှိပဲ စိတ်ဖိစီးမှုကို လျော့နည်းစေကာ လန်းဆန်းတက်ကြွစေပါသည်။

(၅) အလွယ်တကူ ဒေါသထွက်နေခြင်း

လူတိုင်းလူတိုင်းမှာ တစ်ခါတစ်ရံ စိတ်မကြည်လင်သော နေ့ရက်များ ဖြတ်သန်းရပါသည်။ သင် အလုပ်တွေ ဖိနေတဲ့အခါ၊ အိပ်ရေးမ၀တဲ့အခါ ပုံမှန်ထက် စိတ်တိုလွယ်နေတာကို တွေ့ရပါလိမ့်မည်။

သင့်ဘေးနားမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မုန့်ထုပ်လေး ဖောက်စားသော အသံကိုတောင်မှ သင့်ကို စိတ်ရှုပ်စေနေပါလိမ့်မည်။ သင်ဟာ စိတ်တိုလွယ်သော အပြုအမူတွေကို ထိန်းချူပ်ဖို့ဆိုလျှင် သင့်မှာ အနားယူချိန်များများ လိုအပ်နေပါသည်။ သင့်စိတ်များ ပြေလျော့နေဖို့ဆိုရင် အိပ်ရေး၀၀ အိပ်ခြင်း၊ ခရီးတိုများများ ထွက်ပေးခြင်းများ ပြုလုပ်သင့်ပါသည်။

ဖတ်လည်းဖတ်ပါ

BRAND’S® Article - Five Ways to Work Out with a Busy Work Schedule

အလုပ်အချိန်ဇယားနှင့်အတူ လေ့ကျင့်ခန်းလုပ်ဖို့ နည်းလမ်း ၅သွယ်

The truth is, the key to feeling better, having more energy and even performing more productively at work is physical activity. Here are five ways that you can keep active if you lead a busy schedule.

BRAND’S Essence of Chicken with Vit B Complex + Iron

ဘရင်းကြက်ပေါင်းရည်ဆေးပြား

  • တက်ကြွသူများ
  • အလုပ်ရှုပ်သောလူကြီးပိုင်းများ
  • ကျောင်းသားကျောင်းသူများ