Five Best Foods to Detox Your Body

ခန္ဓာကိုယ်ကို ကျန်းမာကြံခိုင်စေဖို့

သင်ဟာ တနေကုန် အလုပ်တွေလုပ်ပြီးတဲ့အခါ လွယ်လင့်တကူ အသင့်ကြော်ထားသော၊ သကြားပါသော သို့ အရသာရှိသော အစားအစာများကို မက်မောတောင့်တကြသည်။ ဒါမှမဟုတ် သင်ဟာ များများစားလိုက် ပြီးနောက် နောက်နေ့မှာမှ ပြင်းထန်သော အားကစားတွေကို လုပ်လိုက်သောအခါ စားထားသော ကယ်လိုရီတွေကို လျော့ချနိုင်မယ်လို့ ထင်မိတတ်သည်။

အမှန်တကယ်မှာတော့ နည်းပါးသော တစ်နပ်စာတိုင်းက သင့်ကို ၀စေပါသည်။ ဒါကြောင့် ကြီးမားတဲ့ ကျန်းမာရေးပြသာနာတွေကို ဖြစ်စေနိုင်တဲ့ အဆီနဲ့ သကြားများစုစည်းခြင်းကို ဖယ်ရှားသန့်စင်ဖို့ သင့်ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင်လုပ်ခြင်းက အရေးကြီးပါသည်။

(၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲတွင် ပါဝင်သော အလိုင်းစင်းဓါတ်သည် အသည်း၊ အစာအိမ်အူ လမ်းကြောင်းနှင့် သွေးထဲမှအညစ်အကြေးများကို ဖယ်ရှားပေးသော အကောင်းဆုံးသောဒြပ်တစ်မျိုးဖြစ်သည်။ အလိုင်းစင်းဓါတ်သည် ဗိုင်းရပ်များကို တိုက်ထုတ်ခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကောင်းခြင်းကိုလည်း ကူညီထောက်ပံ့ပေးသည်

(၂) အစိမ်းရောင်ရှိသော အရွက်များ

အစိမ်းရင့်ရောင်ရှိသော အရွက်များ မုန်ညင်း၊ ဆလတ်ရွက်၊ အကြောပေါင်းတစ်ထောင်ရွက် စသော အရွက်များတွင် သွေးကြောနှင့် အသည်းထဲရှိ အဆိပ်အတောက်များများကို ဖယ်ရှားသန့်စင်ပေးသော ကလိုရိုဖီဓါတ်များ ပါဝင်သည်။ သင်တွေးထင်ထားတာထက် ကလိုရိုဖီဓါတ်က ပက်တီဆိုက်ဒ်လို့ခေါ်သော အညစ်အကြေးတွေကို ဖယ်ရှားပျက်ပြယ်စေသော ဒြပ်တစ်ခုဖြစ်သည်၊၊

(၃) သစ်ဥသစ်ဖုများ

အရောင်ရှိသော သစ်ဥသစ်ဖုများက အဆိပ်အတောက်တွေကို ဖယ်ရှာပေးသည်။ အန္တရာယ်ဖြစ်စေနိုင်သော ဒြပ်များကို ဖယ်ရှားပေးပြီး နောက်ထပ် ခန္ဓာကိုယ်မှ စုပ်မယူနိုင်အောင် ကူညီပေးထားသည်။ သံဓါတ်နှင့် အမျှင်ဓါတ်တွေမှာလည်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ဒြပ်ပါဝင်သည်။ ကန်စွန်းဥပြုတ်ရည်ထဲကို ဂျင်းနဲ့ အုန်းနို့ထည့်ပြီး လွယ်ကူသောအစားအစာတစ်ခုအဖြစ် ပြုလုပ်လို့ရပါသည်။

(၄) သံပုရာသီး

ဗီတာမင်စီနှင့် Antioxidants များသည် သံပုရာသီးထဲမှာ ပါဝင်သည်။ ခန္ဓာကိုယ်မှ အဆိပ်အသောက်များကို ပျက်ပြယ် စေပြီး ဖယ်ရှားသန့်စင်ပေးပါသည်။ သံပုရာသီးဖျော်ရည် ပြုလုပ်၍ ရေခဲသေတ္တာထဲထည့်ထားပြီး လန်းဆန်းစေသော အအေးတစ်ခုအဖြစ် တစ်နေ့တာ သောက်သုံးနိုင်ပါသည်။

(၅) အစေ့အဆံများ

အစေ့အဆံများမှ ရရှိသော စီစမင်းဓါတ်သည် အသည်းကိုကာကွယ်ပြီး သွေးထဲရှိ ကိုလက်စထရောကိုကျဆင်းစေခြင်းဖြင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်သော အာနိသင်ရှိပါသည်။ ဟင်းပွဲများတွင် အာဟာရဓါတ်နှင့် အရသာ ထူးခြားစေရန် အစေ့အဆံများကို ထည့်သွင်း စားသုံးတတ်ကြသည်။

Read also

BRAND’S® Article - Four Clues Your Skin Hints to You About Your Health

Four Clues Your Skin Hints to You About Your Health

Clear skin usually indicates a healthy functioning liver. Everything you eat and drink passes through your liver to be repackaged as energy or removed from your body.

BRAND’S® Article -  Four Reasons You Should Be Eating More Berries

Four Reasons You Should Be Eating More Berries

Berries may be small in size, but they pack big benefits. With high antioxidants levels and low sugar and calories, berries are some of the most beneficial superfoods for health. Best of all, they can range from humble blueberries, blackcurrants, exotic goji to acai.

BRAND'S Veta PRUNE Essence

VETA Prune အနှစ်ရည်

  • ကလေးငယ်များ
  • အလုပ်ရှုပ်သောလူကြီးပိုင်းများ
  • ကျောင်းသားကျောင်းသူများ