ဘယ်ရီသီးများကို စားသင့်သော အကြောင်းပြချက် (၄) ချက်

BRAND’S® Article -  Four Reasons You Should Be Eating More Berries

ဘယ်ရီသီးများဟာ သေးငယ်ကောင်းသေးငယ်ပေမယ့် ဒါပေမယ့် သူတို့မှာ ကြီးမားသော အကျိုးကျေးဇူးများ ပါဝင်နေသည်။ အင်တီအောက်ဆီဒင့်မြင့်မားပြီး သကြားနှင့် ကယ်လိုရီနည်းပါးသော ဘယ်ရီသီးများသည် ကျန်းမာရေးအတွက် အကျိုးအာနိသင်အများဆုံးသော အစာအစားများ ဖြစ်ပါသည်။ သင်ခန္ဓာကိုယ်ကျန်းမာရေးကို မြှင့်တင်ပေးမည့် ဘယ်ရီသီးများ၏ နည်းလမ်းကောင်းများဖြစ်သည်။

အဆိပ်အတောက်များကို တိုက်ဖျက်ခြင်း

အသက်အရွယ်ကြီးလာတာနဲ့အမျှ အဆိပ်အတောက်များကို ကျွန်ုပ်တို့က ဖျက်ဆီးရမည့် ရန်သူများဖြစ်လာပါသည်။ ၄င်းတို့သည် ကျန်းမာသော မော်လီကျူးများကို တိုက်ဖျက်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် ဆဲလ်များပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။ အမည်းရောင်ရှိသော ဘယ်ရီသီးများတွင် အဆိပ်အတောက်များကို တိုက်ဖျက်ပေးသော အင်တီအောက်စီဒင့်များ တွေ့ရတတ်ပြီး ကင်ဆာနှင့် နှလုံးရောဂါများကဲ့သို့သော အသက်အရွယ်ကြောင့် ဖြစ်လာတတ်သည့် ကျန်းမာရေးအခြေအနေများမှ ကာကွယ်ပေးပါသည်။

သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

သဘာဝဘယ်ရီသီးများဖြင့် ဘာကြောင့် ကိုယ်အလေးချိန်လျှော့ဖို့ မထိန်းသိမ်းတာလဲ? အမျှင်ဓါတ် အများဆုံးပါဝင်သော အရင်းအမြစ်အနေနှင့် ဘယ်ရီသီးများသည် အချိန်ကြာစွာဗိုက်ပြည့်နေသကဲ့သို့ ထိန်းသိမ်းကူညီနိုင်ပါသည်။ တစ်နေ့ကို လတ်ဆတ်သော ဘယ်ရီသီးတစ်ခွက်သောက်သုံးခြင်းက သင်၏ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကိုစားသောက်ခြင်းကဲ့သို့ ပြည့်စုံစေသည်။ ချောကလက် အစား ကယ်လိုရီနည်းပြီး သဘာဝအတိုင်း ချိုသောအရသာဖြင့်ပြည့်စုံသော ရွေးချယ်စရာတစ်ခုဖြစ်သည်။

ထိုးထွင်းသိမြင်မှုစွမ်းရည် ကျဆင်းခြင်းကို နှောင့်နှေးစေခြင်း

ဘယ်ရီသီးများ၏ အကျိုးအာနိသင်များသည် ဦးနှောက်ကျန်းမာဖွံ့ဖြိုးခြင်းကို ဆွဲဆန့်ပေးသည်။ လေ့လာချက်တစ်ခုအရ တစ်နေ့ကိုဘယ်ရီသီးများများ စားသုံးခြင်းသည် အသက်အရွယ်ကြီးလာတာနှင့်အမျှ ထိုးထွင်းသိမြင်မှုစွမ်းရည်ကျဆင်းခြင်းကို နှောင့်နှေးစေသည်။ ၄င်းတို့သည် အယ်ဇိုင်းမားရောဂါနှင့် ပက်ခ်ကင်စန်ရောဂါကဲ့သို့သော အသက်အရွယ်ကြောင့် ဖြစ်လာတတ်သည့် ကျန်းမာရေးအခြေအနေများဖြစ်လာနိုင်ချေကိုလည်း လျော့နည်းစေသည်။

သင့်မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးခြင်း

ဘယ်ရီသီးများစားသုံးခြင်းသည် သင့်မျက်လုံးများအတွက် ကာကွယ်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အထောက်အပံ့ပေးသော သဘာဝနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဘယ်ရီသီးများတွင်တွေ့ရတတ်သော အန်သိုမိုင်စင်းလို့ခေါ်သော ဓါတ်တစ်မျိုးသည် UV Rays နှင့် အပြာရောင်အလင်းရောင်များထိတွေ့ခြင်းကြောင့် မျက်ကြည်လွှာများပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ဘယ်ရီသီးများတွင် ပါဝင်သော ဗီတာမင် စီသည်လည်း အမြင်များေ၀၀ါးခြင်းနှင့် သူငယ်အိမ်များပျက်စီးယိုယွင်းခြင်းမှလည်း ကာကွယ်ပေးသည်။

ဈေးဆိုင်များတွင် ဘယ်ရီသီးအမျိုးအစား အများအပြားတွေ့ရသော်လည်း ဖြည့်စွက်စာအဖြစ် သင့်တစ်နေ့တာအတွက် ဘယ်ရီသီးတစ်ခွက် သောက်သုံးသင့်ပါသည်။ BRAND’S® InnerShine® Berry Essence ဆိုတာ အမေရိကနှင့် ဥရောပတိုက်များမှ ရွေးချယ်ထားသော အကောင်းစားဘယ်ရီသီး ၇မျိုးဖြင့် ထုတ်လုပ်ထားသည်။ ၄င်းတွင် မျက်လုံးကျန်းမာရေးကို မြှင့်တင်ပေးသော ဗီတာမင် A, C, E နှင့် တခြား အင်တီအောက်စီဒင့်များစွာတွေ့ရတတ်သော ဘယ်ရီသီးများ ထည့်သွင်းထုတ်လုပ်ထားသည်။

ကျန်းမာခြင်းအကျိုးအာနိသင်များဖြင့် ပြည့်ဝပြီး အာဟာရဓါတ် မြင့်မားသော အရသာကောင်းတစ်ခုအနေဖြင့် သင့်ကျန်းမာရေးအတွက် ဘယ်ရီသီးများကို နေ့စဉ် အစားအစာအဖြစ် ရွေးချယ်လိုက်ပါ။

ဖတ်လည်းဖတ်ပါ

BRAND'S Veta PRUNE Essence

VETA Prune အနှစ်ရည်

  • ကလေးငယ်များ
  • အလုပ်ရှုပ်သောလူကြီးပိုင်းများ
  • ကျောင်းသားကျောင်းသူများ