ကျွန်ုပ်တို့အများစုက အလုပ်တွေပိပြီး လေ့ကျင့်ခန်းနည်းပါးသော ဘ၀နေထိုင်မှုပုံစံနှင့် အသက်ရှင် နေထိုင်နေကြပါသည်။ ဒါမှမဟုတ် ကျွန်ုပ်တို့က တက်ကြွ လန်းဆန်းနေဖို့ အားအင်မပြည့်ဝသလို ခံစားနေရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အမှန်တကယ်တော့ အားအင်အပြည့်ရှိနေခြင်းနှင့် အလုပ်ကို အကျိုးရှိစွာလုပ်ဆောင်နိုင်ခြင်းဆိုတဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု ဆိုတာကတော့ ကျန်းမာသန်စွမ်းဖို့ အဓိကသော့ချက်ပဲ ဖြစ်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကျွန်ုပ်တို့ ကြွက်သားတွေကို သန်မာစေတဲ့ နည်းလမ်းတစ်ခုဖြစ်သလို တစ်ချိန်တည်းမှာပဲ အရိုးနှင့်အဆစ်ကြောင့်ဖြစ်လာနိုင်တဲ့ရောဂါ အခြေအနေများကိုလည်း လျော့ချပေးပါသည်။ အကယ်၍ သင်ဟာ အလုပ်ချိန်ဇယားတွေနဲ့ ပြည့်နေတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒါကတော့ တက်ကြွလန်းဆန်းနေစေဖို့ နည်းလမ်း ၅သွယ်ပဲ ဖြစ်ပါသည်။

သင် အလုပ်ပင်ပန်းနေပီဆို ဖြစ်ပေါ်လာသော လက္ခဏာများ
ကျွန်ုပ်တို့တွေဟာ နေ့စဉ်နှင့်အမျှ မြောက်များစွာသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရပါသည်။ထိုလုပ်ငန်းဆောင်တာများကြောင့် စိတ်ပင်ပန်းမှုတွေ ဖြစ်ပေါ်လာကာ အချိန်ကြာတာနှင့်အမျှ စိတ်ရော်ကိုယ်ပါ ထိခိုက်လာနိုင်ပါသည်။ မိမိရဲ့ ခံနိုင်ရည်စွမ်းအားကို မကျော်လွန်မီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါ လက္ခဏာရပ်များကို သိရှိထားသင့်ပါသည်။